Professional Authors

တောင်ပံရှိသူများ

ရောထွေးနေတဲ့  အခွင့်အရေးတွေတဲ့
ကြိုးစတွေလို ဟိုတစ်စ ဒီတစ်စ
ဘယ်အစကို ဆွဲလိုက်ရပါ့
အရင်းကြီး အဖျားသေး
အရင်းသေး အဖျားကြီး
ဒီလိုဆို….အိုခက်ဟ
ချိန်ဆရင်း ချိန်ဆရင်း
လက်တွေလေးလံလို့ ဒူးတွေ ညွတ်အကျ
ဟင်..မျက်စိစုံမှိတ်  ဆွဲယူလိုက်တော့
ပျက်တာ ပျက်
လွတ်တာ လွတ်နဲ့
ဗလာ….ငါရရှိ လိုက်တာက ဗလာ။   ။

မှတ်ချက်။။မပြတ်သားတဲ့  ငါ။ 

In: ကဗျာ Posted By: Date: Feb 18, 2013
Comment #1

🙂

commentinfo By: ei lay at Feb 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment