Professional Authors

သိပ်မဝေးတဲ့ သက်တံ့ (မအိ)

လေးကိုတင်တုန်းလို့ ထင်သူတို့ထင်နေကြ
ရင်ဝ အလျှိုလျှို စိုက်ဝင် မြားငါးစင်း
အချင်းချင်း သူ့ထက် ကိုယ်ဦး အလုအယက်
ငါ့အသည်းနှလုံး ဗဟိုချက်ဆီ ခွင်းခဲ့ပြီးပြီပဲ။
 
သက်စွန့်ဆံဖျား ခရီးရှည်ကြီးကိုတောင်
ပစ်ကနစ်ထွက်သွားသယောင်ယောင် ပြောကြသလေ
ချစ်သောသူကို ပန်းတစ်ပွင့်ပေးပါ . . . ဘာညာသာရကာ
ပါဆယ်ဂိမ်း မကစားခဲ့စဖူး . . .
မျောက်ကလေးလို မကခဲ့စဖူး . . .
မင်းသမီး အိုင်တင် မလုပ်ခဲ့စဖူး . . .
ရေပေါ် အရုပ်ရေးကြည့်စဉ် ကာလ
ကျောက်ဆောင်ရေတံခွန် စမ်းချောင်းနံဘေး
မကောင်းသောဘေး . . . မကောင်းသောဒဏ်
အဖန်ဖန်အခါခါ ကျွန်မ လွတ်မြောက်
ကဗျာ မန္တရားရေသောက် ပျောက်လေသလား။
 
ဟိုအချိန် တောင်ဇလပ်ပင် . . . ထင်ရှူးပင်ရိပ်
တောင်ယာတဲပျက် လက်ဖက်ခင်းရိပ်
တတွတ်တွတ်ရွတ်ဆို တိတ်တဆိတ်
ခုတော့ မစ္စတာဂစ်တာ . . . ယဉ်ကျေးမှုစင်တာ . . . ဂီတာမိတ်
မြို့ပြအဆိပ်တို့ ဖြေ ဖြေရာ
ချမ်းဟိန်းကြွယ်ရေ ကူပါ ကယ်ပါ . . .
ကစ်တ်ယန်းရေ . . . နိုင်ဇော်ရေ . . .
မောင်မောင်ဇော်လတ်ရေ . . . လီယိုနာ့ဒ်ရေ . . .
ငါတို့ အနုပညာနဲ့ ၉၆ပါး ရောဂါတွေ ဆယ်ငင်ကဲ့ယူ
လဲနေသူကို ထူပေးကြဖို့သာ။
 
ကဗျာအရေး . . . တို့အရေး . . . တို့အကြောင်း
ရွာသွန်းပြီးစ မိုးကောင်ကင်မှာ အတူတကွ ဆေးခြယ်
မင်းတို့ . . . ငါတို့ . . . သူတို့တစ်တွေရယ်
ဘယ်တော့မှ မပျက်ပြယ်နိုင်တဲ့ . . . ။ ။
 
မအိ

In: ကဗျာ,မအိ Posted By: Date: Mar 1, 2013
Comment #1

🙂

commentinfo By: ei lay at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment