Professional Authors

သက်တံ့

သက်တံ့ ဆိုတာက
အပေါ်စွန်းထုတ်ပြတဲ့
စက်ဝိုင်းတစ်ခု မျှသာ…..

ကျန်ရှိတဲ့ စက်ဝန်းပြတ်
ကမ္ဘာမြေရဲ. ရင်ဘတ်ထဲမှာရှိတယ်
ကွယ်ဝှက်တတ်တဲ့ သဘောက
လောကရဲ. သဘာဝ ဆိုပါတော့ကွယ်။

မေတ္တာဆိုတဲ့ သက်တံ့ရဲ.
ထိန်ချန်တဲ့ စက်ဝန်းတစ်ပိုင်း
ငါ့ရင်ထဲမှာ သူ.အတိုင်း ကျန်သေးတယ်
ဖယ်ရှားပေါင်းထည့်ခြင်း မလုပ်မိအောင်
အရှိအတိုင်း ထားလိုက်ချင်ပေမင့်
နင် မြင်သင့်သလား တွေးမိလို.ပါ။

မီးကျိုးမောင်းပျက် စိတ်ကူးနဲ.
သံယောဇဉ်ကို ခူးချင်တဲ့စိတ်
အရိပ်တကြည့်ကြည့် ဆပ်ပြာပူပေါင်းလေးကို
ပုဆိန်နဲ. ခုတ်ပစ်တယ်ဆိုမလား
ငါ့အမှားပဲထားပါလေ ။

မသိစိတ်က လှုပ်နှိုး
မေးခွန်းမျက်ဝန်းလေး လှမ်းအခိုးမှာ
ငါ….ရိုရိုကျိုးကျိုးလေး မြတ်နိုးသွားခဲ့မိတာ
ကာလတစ်ခုပြီးတစ်ခု ပြုစား
ငါ့ရဲ.မှော်နတ်ဖုရားမလေးရေ
ကြယ်မှုန်မှုန် အတွေးတွေတိုင်းမှာ
သက်တံ့တစ်ပိုင်းလို ကိုင်းညွတ်အုပ်မိုး
ငါဖြူစင်အောင် နင်ပျိုးခဲ့ဘူးတယ်။

နင်တန်ဖိုးထားထား မထားထား
ငါ့ ကမ္ဘာဦး မေတ္တာတရားက
အငြင်းပွားဖွယ် မဲ့ တည်ခဲ့တယ်
ဘယ်မှော်ရုံ ၀င်္ကဘာကမှ
ငါ့ လားရာကို မဖျက်နိုင်ခဲ့ဘူး။

ပိုင်ဆိုင်ဖို.ထက် မြတ်နိုးဖို.ကို
ငါ ပိုလို. အလေးထားရင်း
ကိုးကွယ်ခြင်းနဲ. တပိုင်းသေနေတဲ့
ကောင်လေးတစ်ယောက်ရဲ. အိပ်မက်ရှည်တွေလေ
နင့်ကြောင့် အရွက်အခက်ဝေခဲ့တယ်။

အဲဒီလို
ရိုးရိုးသားသား အံကိုကြိတ်
ကောင်းကင်ကို တိတ်တဆိတ်မော့ကြည့်
တိမ်တွေကို စကားပြောမိခဲ့
လူရှင်းတဲ့လမ်းတွေပေါ်မှာ
နာမည်လေးတစ်ခုကို တိုးတိုးခေါ်ရင်း
သက်ပြင်းတွေ ချဘူးခဲ့ပြီ။

အတည်အတံ့ ငါ့ရင်ခွင်ဟာ
နင်မြင်တာထက် ပိုသိပ်သည်းခဲ့တယ်
မြိုသိပ်တဲ့ အနက်အရှိုင်းကို
နင်သိအောင် သမိုင်းမတင်ခဲ့တာဟာ
တိမ်လွှာပေါ်က သဏ္ဌာန်ရုပ်ကို
နင် သက်သေလုပ်မယ် မထင်လို.ပါ။

အကြည့်ထက်မပိုတဲ့ မေတ္တာတရား
နင်ဘယ်လို နားလည်မှာလဲ
တောကြီးမျက်မည်းထဲက သစ်ရွက်တစ်စ
တစ်တောလုံးရဲ့ သဘာဝ မဟုတ်ဘူး
ရည်စူးသမျှတွေ ခင်းကျင်း
ငါ့ တစ်ဘ၀လုံးလင်းခဲ့တာတောင်
နင်သိအောင်မပြခဲ့ဘူးလေ။

ယုံကြည်ခြင်းတရား ဆိုတာက
မြင်နိုင်တဲ့ အကြောင်းဆက်တွေကို သက်သေပြ
တစ်ခုခြင်း ရေတွက်သွားရတယ်
တကယ်တော့လည်း
ငါ့အဖြစ်က ရေခဲကျွန်းလို
မဖြစ်စလောက်ပဲ သောင်ထွန်းခွင့်ရ
ခမ်းနားကြောင်း ဘယ်လိုပြမှာလဲ။

သြော်…..အရှိကနေ ဆင့်ပွားတွေးရတဲ့အသိ
မြင်တတ်အောင် ဘယ်လိုကြည့်ရပါ့
နင်မြင်နိုင်သမျှက အပေါ်ယံကြောပါ
နက်ရှိုင်းတဲ့ အတွင်းသဘောကို
ထုတ်ခြင်းခတ် မြင်အောင်ပြောချင်သေးတယ်။

နင်မကြည့်တဲ့ မြင်ကွင်းအောက်ကိုမှ
ယောက်ျားဆန်ဆန် ဒူးထောက်ပြခဲ့သူ
နောက်ကျတတ်တဲ့ စကားလုံးတွေကြောင့်
ယောက်ျားဆန်ဆန် ရှုံးနေရတယ်။

စိတ်တူကိုယ်တူ ဝေးခဲ့တာမဟုတ်တော့
အတွေးတွေ ဖြန်.ကာအုပ်မိုးတဲ့ညတိုင်း
အရူးတစ်ပိုင်း အိပ်မက်တွေနဲ.လန်.နိုး
သူစိမ်းဆန်တာ ဆိုးတယ်ကွယ်။

ငါ့ရဲ. ရာဇ၀င် စံပါယ်ဦးလေးရယ်
ဥပေက္ခာ အစိမ်းတွေ ရင်မှာစူးလောက်အောင်
ဘယ်အမှားအယွင်းကိုမှ မခူးမိပါလားကွယ်။

နင်မယုံကြည်နိုင်တဲ့ မေတ္တာ
ငါမဖေါ်ပြသာတဲ့ သံယောဇဉ်
နင်မမြင်နိုင်ခဲ့တဲ့ နာမဓာတ်တွေနဲ.
နင့်ကိုနင် ကန်.သတ်ထားပါ
နင်စည်းခြားလိုက်တဲ့ တံခါးက
နင့်ပစ္စည်း ယူမသွားအောင်တားနိုင်သလို
နင့်ကို ပေးချင်တဲ့ပစ္စည်းကိုလည်း
နင့်လက်ထဲ မထည့်အောင် တားသွားတာပါပဲ။

ခေါင်းငုံ. အံကြိတ်
ကိုယ့်ဒဏ္ဏာရီကိုယ် ပြန်ပိတ်ခဲ့ရ
တစ်ဘ၀စာမိုးသည်း
ယုံကြည်ခြင်းတွေ အိမ်ယာအပြောင်းမှာ
ကောင်းကင်နဲ. ငါ့တောင်ပံ လွဲခဲ့ပြီ။

နတ်ဆိုးတွေ ကျိန်စာဖတ်တဲ့ အရပ်တောင်မှ
ငါခြေဦးမချဘူးပါပဲနဲ.
စိမ်ပြေနပြေ အထင်တော်လွဲခဲ့တာ
အသည်းဆို.အောင်နာတယ်။

မျော်လင့်ခြင်းတွေ တန်းလန်းနဲ.
လက်ပန်းကျနေသူ တစ်ယောက်
ရေကြည်တစ်ပေါက် မပေးရင်နေပါ
ခြေနဲ. မကန်ကျောက်သင့်ပါဘူး။

အကြည့်တွေ တနွယ်ငင်ငင် စိမ်းလဲ့ကြ
ဘာ့ကြောင့်များ ယုံကြည်မပေးသလဲ
ရင်ထဲမှာ နင့်နင့်သက်သက်
ပတ်ဝန်းကျင် ချည်တဲ့ကြိုးက
မိုးမလင်းခင် ပွဲဖျက်တယ်။

တစ်လမ်းမောင်း ပန်းပွင့်လေးကိုမှ
ခဏခဏမှိုင်းတိုက်
ငါက…..
သူရဲကောင်းဆန်ဆန် မမိုက်ရဲလို.
တိုက်ပွဲမှာ ကျသူပါ။

အထီးကျန် ရထားလေးက
ဥသြသံ ဖြူလျော်လျော်တောင် မပေးပဲ
အဝေးကို အပြေးတပိုင်း ထွက်ခွာ
နာကျင်ခြင်း ကုန်အပြည့် တင်ဆောင်
ငါနင့်ကို ရှောင်ပါ့မယ်။

သူ.ကို သိပ်ချစ်လို.
တစ်ဘ၀လုံး ပြန်“သစ်”ချင်ပေမယ့်
ဘယ်ဖြစ်နိုင်ပါ့မလဲကွယ်
ကိုယ့်ရင်ထဲ ကိုယ်ပြန်ပုန်းပြီး
မျက်ရည်အ၀ါနဲ.
ငါ……ရှုံးမယ်……..

ချစ်မိသူ ဆိုတာ မနာရက်ဘူးကွယ့်
တွေးတဲ့အခါတိုင်း အသစ်ဖြစ်
ငါ့မှာ အရင်ထက် ပိုချစ်မိ
နင် သိရင် ရယ်ဦးမှာ…….

ယုံကြည်မှုကို ပေးအပ်ဖို.က
ခြေတစ်လှမ်းမက နောက်ကျခဲ့ပြီ
ဒီရေပြာပြာ အိပ်မက်တွေက
အတိတ်လပြည့်ည တိုင်း တက်တယ်။

တမြတ်တနိုးလေးရေ
ဝေးကွာခြင်းတွေ တနံတလျားနဲ.
ကာလများ အလွှာလွှာ အထပ်ထပ်မှာ
တယိုင်တရွဲ. ရပ်တည်ခဲ့ရတယ်
ခဏငယ်တိုင်းမှာ ပျံ.ဆွတ်
မျော်လင့်ခြင်းပန်းခိုင်က
မနိုင့်တနိုင် ယိုင်ညွှတ်တယ်။

ကံနည်းသူတွေ လျှောက်တဲ့လမ်းပေါ်
မျော်လင့်ခွင့်ကို ဆုတ်ကိုင်
ဘယ်အချိန်မှာ ပြန်တိုက်ဆိုင်မလဲ
မရဲတရဲ ပင်လယ်သစ်လေးမှာ
“ကျွန်း” ဖြစ်လာပါကွယ်။

သူသူကိုယ်ကိုယ် လွမ်းခဲ့ကြဘူး
ငါ့ကျမှ ပိုထူးသလား
တနေ.တခြား တိုးတိုးသတိရ
ကျားကုတ်ကျားခဲ ချစ်မိသူမှာ
ဆွတ်ဖြူစွာ သတိရနေရဲ.။

တစ်ခါတစ်ခါကျ
အောက်ကျ နောက်ကျ ခြေထောက်တွေနဲ.
ပြန်လည်ဒူးထောက်မယ် စိတ်ကူးမိ
ရှိစုမဲ့စု မာနလေးက
ပြန်သွားခွင့် မပေးဘူးကွယ်။

မိန်းကလေးတို. အဖြစ်
အချစ်နဲ. အယုံအကြည်
တစ်ပိုင်းစီ ကန်.ထားသလို
ယောက်ျားတို.ရဲ.ဘဝ
အချစ်နဲ. မာန
အခိုင်အမာ ခွဲထားကြတယ်။

တရှိုင်းနင့်နင့် ငါ့ချစ်ခြင်း
အကြွင်းမဲ့ တည်ရှိပေမယ့်
ရှိသင့်တဲ့ သိက္ခာတရား
ထားနိုင်အောင် ငါထားမယ်။

အမှတ်မဲ. ပြန်ဆုံတဲ့အခါ
နင့်မျက်နှာ ကွယ်အ၀ှက်ကို
မက်မက်သက်သက် အငေးမှတပါး
အခြားသော သံယောဇဉ်
နင်မမြင်အောင် “တား”မယ်။

အဲဒီ တစ်နေ.လုံး
အရင့်နက်ဆုံး အပြုံးနဲ.
တစ်ယောက်ထဲ ရိုးရဲပြုံးရင်း
အလင်းဖွဖွ ကောင်းကင်မှာ
သက်တံ့ ရှိမရှိ ရှာကြည့်မယ်။

ဒါပါပဲ
သက်တံ့ရဲ. ကွယ်ဝှက်တဲ့စက်ဝန်းပြတ်
သံယောဇဉ်မဲ.မမြင်အပ်ဘူး
မြင်တတ်အောင် ကြည့်ဦးတော့
အဆုံးအရှုံး ကောင်းကင်မှာ
မိုးသားတွေ ကင်းစင်ပြီပဲ
ဘာထူးမှာလဲ
ဘာ
ထူး
တော့
မှာ
လဲ
ကွယ်…….။ ။

In: ကဗျာ Posted By: Date: May 21, 2010  
Comment #1

ရေးထားတာကြာပါပီ
2nd MBကထဲက
၁၀နှစ်လောက်ရှိတော့မယ်

commentinfo By: mawni at May 21, 2010
Comment #2

ကိုမောနီရေ …

ပြန်လာတာဝမ်းသာ သဗျာ။

ဒီကဗျာမိုက်တယ်ဗျာ။ ဒီအပိုဒ်လေးကြိုက်တယ်

စိတ်တူကိုယ်တူ ဝေးခဲ့တာမဟုတ်တော့
အတွေးတွေ ဖြန်.ကာအုပ်မိုးတဲ့ညတိုင်း
အရူးတစ်ပိုင်း အိပ်မက်တွေနဲ.လန်.နိုး
သူစိမ်းဆန်တာ ဆိုးတယ်ကွယ်။

ကဗျာတွေ ဆက်တင်ပါဦး။

commentinfo By: Thet Twe at May 21, 2010
Comment #3

ကဗျာလေးအရမ်းဖတ်လို့ကောင်းတယ်..အကို..
ခံစားချက်တွေနဲ့အသုံးအနှုံးတွေအရမ်းအားကောင်းတယ်.
ကဗျာရှည်တွေတွေ့ရခဲတယ်…
နောက်ထပ်..ခံစားချက်အစစ်တွေနဲ့ကဗျာရှည်တွေများများ
ရေးဖွဲ့နိုင်ပါစေ…:P

commentinfo By: အမရာ at May 21, 2010
Comment #4

အမှန်က ကဗျာလေး ကို ဖတ်ပြီးသားပါ..
အခု နောက်တစ်ခေါက် လာဖတ်တာ..
ကဗျာလေးက အစ အဆုံး စာသားတွေက အရမ်းကိုကောင်းပါတယ်.. တကယ်ကို ခိုက်၏။ (စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောတာဖြစ်ပါကြောင်း )
clapping.. (:

commentinfo By: melodyphyO at May 22, 2010
Comment #5

သခင်ရူမောင်

လမင်း ကိုခွေးဟောင်းလို
ရွှေလရောင်ပြောင်မပျက်တယ်……

ချစ်သူကိုမျော်လင့် ရတာ
လမင်းဆိုတာတောင် ဘယ်ရောက်သွားမှန်မသိဘူး………

နေခင်းတွေးတောင် လင်းနေရင်
အချစ်နဲပတ်သတ်တဲ့  အလင်းရောင်ကဘယ်ဆီဘယ်ဝယ်မှာလည်း…………

commentinfo By: napoliunnaywin009 at May 28, 2010
Comment #6

ကောင်းပါတယ်
ဘယ်လိုပဲ ဖြစ်ဖြစ် အဒိလိုပဲ ဖြစ်သင့် တယ်လေ
အားလုံကောင်းပါတယ်

commentinfo By: napoliunnaywin009 at May 28, 2010
Comment #7

မိန်းကလေးတို. အဖြစ်
အချစ်နဲ. အယုံအကြည်
တစ်ပိုင်းစီ ကန်.ထားသလို
ယောက်ျားတို.ရဲ.ဘဝ
အချစ်နဲ. မာန
အခိုင်အမာ ခွဲထားကြတယ်။
i like this paragraph!

commentinfo By: ei lay at Jun 28, 2010
Comment #8

ဆန်းကျယ်ပါတယ်လေ….
ပေးတိုင်းလည်း မရတတ်သလို..
ရတိုင်းလည်း မယူချင်တတ်ကျပြန်ဘူး….
မရတဲ့ အရာက ပိုတန်ဖိုးကြီးတယ် ထင်မိသလို…
ရထားတဲ့ အရာကျပြန်တော့လည်း တန်ဖိုးမထားတတ်ကျတော့ပြန်ဘူး…..

commentinfo By: မှုံရွှေရည် at Aug 1, 2010
Comment #9

အရမ်းကောင်းပါတယ်………..အားပေးနေတယ်

commentinfo By: purplelover at Aug 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment