Professional Authors

သက်တံ့ပြယ်ချိန်

သစ်ရွက်တွေကြွေကျ
စံပါယ်တွေမြေခနဲ့ 
ကံတရားရဲ့စီရင်ပုံက မမျှတ
ငါ့မှာသာ အသဲတွေ
ကြွေကြွေပြနေရတယ်…
မိုးနှောင်းရဲ့လမ်းခုလတ်မှာ
ငါ့ကိုထားခဲ့ပါတော့…

နောက်လူဆိုတာ
မနက်ဖြန်မှာနင့်အတွက်
ကောင်းကင်သစ်တစ်ခုလား?
သာမာန်ပျိုးပင်တွေပဲ
ထွန်ယက်ပါရစေ…
မိုးအတုတွေမရှိတဲ့
ကောင်းကင်အောက်မှာ
ငါ့ကိုချန်ခဲ့ပါတော့…

သတိတရနဲ့ ရေးတဲ့
ပြန်တမ်းမှာ အသဲကွဲခြင်း
မြောက်မြားစွာပါတယ်…
မျှော်လင့်ခြင်းတွေကို
တခုတ်တရနဲ့  ပျိုးမထောင်ချင်တော့ဘူး
အသဲစားနိုင်ငံအိုမှာ
ငါ့ကိုမေ့ခဲ့ပါတော့…

နင်ပေးတဲ့အမုန်းကို
တယုတယသိမ်းဆည်းထားရင်း
ရင်ကွဲခံပါ့မယ်…
ဗလာစာအုပ်တစ်အုပ်
ဘော့ပင်တစ်ချောင်းဆီမှာ
နင့်ပုံရိပ်တွေနဲ့ အတူ
ငါ့ကိုမြှုပ်နှံခဲ့ပါတော့…
                       ရဲဝင့်အောင်(ဒဿနိကဗေဒ)

In: ကဗျာ Posted By: Date: Sep 14, 2011
Comment #1

သစ်ရွက်တွေကြွေကျ
စံပါယ်တွေမြေခနဲ့ 
ကံတရားရဲ့စီရင်ပုံက မမျှတ
ငါ့မှာသာ အသဲတွေ
ကြွေကြွေပြနေရတယ်…
မိုးနှောင်းရဲ့လမ်းခုလတ်မှာ
ငါ့ကိုထားခဲ့ပါတော့…

commentinfo By: May Kha at Sep 14, 2011
Comment #2

နောက်လူဆိုတာ
မနက်ဖြန်မှာနင့်အတွက်
ကောင်းကင်သစ်တစ်ခုလား?
သာမာန်ပျိုးပင်တွေပဲ
ထွန်ယက်ပါရစေ…
မိုးအတုတွေမရှိတဲ့
ကောင်းကင်အောက်မှာ
ငါ့ကိုချန်ခဲ့ပါတော့….
အရမ်းမိုက်တယ်ဗျာ။အားပေးသွားပါတယ်။

commentinfo By: yelaylover2010 at Sep 14, 2011
Comment #3

နောက်လူဆိုတာ
မနက်ဖြန်မှာနင့်အတွက်
ကောင်းကင်သစ်တစ်ခုလား?

နင်ပေးတဲ့အမုန်းကို
တယုတယသိမ်းဆည်းထားရင်း
ရင်ကွဲခံပါ့မယ်…
ဗလာစာအုပ်တစ်အုပ်
ဘော့ပင်တစ်ချောင်းဆီမှာ
နင့်ပုံရိပ်တွေနဲ့ အတူ
ငါ့ကိုမြှုပ်နှံခဲ့ပါတော့…

အားပေးသွားတယ်ဗျာ…..ကောင်းလိုက်တဲ့ စာသားတွေ…..

commentinfo By: ကေသရီ at Sep 14, 2011
Comment #4

သက်တံ့ပြယ်ပုံခြင်း တူသွားတော့ ခံစားရတာ တစ်နင့်တစ်ပိုးပဲဗျာ။ 🙂

Comment #5

great.

commentinfo By: ei lay at Sep 14, 2011
Comment #6

နောက်လူဆိုတာ
မနက်ဖြန်မှာနင့်အတွက်
ကောင်းကင်သစ်တစ်ခုလား?

ချစ်ခင်စွာဖြင့်…..
ကိုသျှား

commentinfo By: ကိုသျှား at Dec 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment