Professional Authors

ဖြစ်စဉ်

အားယူနေရင်း နောက်လန်ကျခဲ့

ဦးခိုက်နေရင်း ခေါင်းစိုက်ကျခဲ့

ပြဿနာက ဒီလိုနဲ့ပဲ စတင်လာပါတယ်

 

အရင်းကိုစစ်ဖို့ အမြစ်ကို လှန်ကြည့်ရာက

အပင်ကသေခဲ့ပေါ့

ဆေးထိုးမှားလို့ သေသွားသလို

ပြဿနာနဲ့ ဖြေရှင်းချက်ဟာ လွဲခဲ့ပါပြီ

 

ဘယ်သူမှ မမှားခဲ့ဘူးဆိုရင်တောင်

မှန်ခဲ့သလားဆိုတော့လဲ … ခက်တယ်

မျက်နှာချင်းဆိုင် လူနှစ်ယောက်မှာတောင်

လမ်းတွေဟာ ဘာကြောင့် များမြောင်နေခဲ့ပါသလဲ

အမှန်တရားဆိုတာကလည်း အတ္တလေးစွက်မှ

ချိုတယ် …

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

*=*

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment