Professional Authors

ကျွန်တော်မသိခြင်းများ


ညက  မှောင်လွန်းတ.ယ် 

လက မသာပဲဘယ်ရောက်နေလဲ..မသိ

အရှည်လျားဆုံးအခိုက်အတန့်ဟာ

အတိုဆုံး  ပြဇာတ်တစ်ပုဒ်အဖြစ်

ဇာတ်သိမ်းသွားခဲ့…….ငါ့အတွက်ပေါ့

လမ်းတစ်လျှောက် ခေါင်းမော့လာခဲ့တော့

လေပြေဟာ  အလွမ်းထဲ  တွန့်ခေါက်ကြေနေတယ်။

နင်သိပါ..၀ါး

အဲ့ဒီလမ်းက   သရဲခြောက်တယ်ဆိုတာ

နင်ပြေးသွားချိန်ထိ……ငါရပ်ကြည့်နေခဲ့မိ……..

ခြေတစ်စုံရဲ့  အားအင်ချိနဲ့

စိတ်တစ်ခုရဲ့.အနိုင်ပိုင်းမှုနဲ့ပဲ့

ငါထောင်လုံးလုံကျခဲ့သူပါ……

အိမ်မက်တစ်ခုရဲ့  အစမှာပဲ

ေ.ယာင်ဝါးဝါး.လန့်  နှိုးခံရသူပါ

အလွမ်းဆိုတာချိုကြီးနဲ့လားမသိ

အချစ်ဆိုတာကြီးကို  ငါမုန်းအောင်လုပ်နေတယ်။

နင်သိရဲ့ လား…….တကယ်ပြောနေတာ.

ညက မှောင်လွန်းတယ်.။

ကွမ်းယာဆိုတာ  ၀ါးပြီးထွေးထုတ်ရတာ…….

မှန်ပေမဲ့ပေါ့………အချစ်ဆိုတာ

In: ကဗျာ Posted By: Date: Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment