Professional Authors

“တမ်းတခြင်း Isomer မှာ ဇယားတစ်ကန့်စာထပ်တိုးတယ်”

အမြင့်ဆုံး “ကီး” မှာသွက်သွက်ခါ

မြည်ကြွေးပေးခဲ့ရတဲ့ ဂစ်တာကြိုးတစ်ချောင်းပေါ့

ဘဝသာ ထက်ပိုင်းပြတ်သွားတယ်

ခင်ဗျားစီက

ကျွတ်စုပ်သံ တစ်ခုထက်

ပိုမရခဲ့ဘူး…

 

ရပါတယ်

တကယ်တော့ ကျွန်တော်ဟာ

သူရဲကောင်းရူးရူးနေတဲ့

လူကြောက်

ခုတော့ဖြင့် ဘာစာလုံးမှ ဖြည့်မရတဲ့ကွက်လပ်ထဲ ပိတ်မိခဲ့ပေါ့…

 

“တမ်းတခြင်းဆိုတာ ဆွတ်ပျံ့ဖွယ်

ယဉ်ကျေးမှုတစ်ခု ထွန်းကားခဲ့ကြောင်း

သက်သေပြ ရုပ်ကြွင်းပဲ”

အခုညလဲ ခင်ဗျားအကြောင်းပဲ

ပြန်ရှာတွေ့တယ်

 

အဇ္ဈတကို အခွံခွာမိတိုင်း

ထွက်ကျလာတဲ့နာမည်သုံးလုံးက

ကျွန်တော့တဘဝလုံး တစ်ဟုန်းဟုန်း…

အလင်းမပေးနိုင်ပဲ လောင်ကျွမ်းရုံသက်သက်ကြီးက

ရင်နင့်စရာ

 

သက်တမ်းလွန် အိမ်မက်တွေထဲက

မိသားစုရုပ်လုံးလေး ကျွန်တော်ဖုန်ထုတ်ခါဖြစ်တယ်

နှင်းရယ် ခင်ဗျားသိပ်ရက်စက်တယ်…

 

“ဂျစ်ဆော”ဖြစ်သွားတဲ့

စိတ္တဇပန်းချီဟာ

ကစားချင်စရာလဲမကောင်းသလို

ချိတ်ဆွဲထားစရာလဲမဟုတ်ဘူးမှလား

နာနာကျင်ကျင်ကိုနားလည်ပါတယ်

 

ဒေါင့်ချိုးတိုင်းမှာ

ခင်ဗျားကနေရာယူထားတုန်းပဲ

ကျွန်တော့မှာသာ ရှောင်ကွင်းသွားရင်းတည့်တည့်ဝင်တိုး

တစ်နေကုန်ကိုယ်ကျိုးနဲရတဲ့ရက်တွေ

မဖြဲဖြစ်သေးတဲ့

ရွက်စုတ်ပြက္ခဒိန်မှာ အထင်းသား

 

“အကွာဟာအဝေးမဟုတ်ဘူး”

ဘယ်သူပြောမှန်းမမှတ်မိတဲ့စကား

ကျွန်တော်တို့ကြားမှာနှစ်ခုစလုံးခြားတယ် နှင်း…

မနေ့ညအိပ်မက်ထဲ

ခင်ဗျား က ကျွန်တော့ တော်လဲသံတွေကြားပြီးငိုလို့တဲ့လေ

ကျွန်တော့မှာနိုးထလိုက်ရတာ

နှမြှောစရာ…

 

ကျွန်တော်သေတဲ့နေ့တိုင်း

ခင်ဗျားအကြောင်းကဗျာတစ်ပုဒ်ကြွေကျတာ

ခုဆိုလေ…

ငေးနေကြမြင်ကွင်းလေးတောင်

ကျွန်တော့ကိုလှောင်ပြောင်တတ်နေပြီ

 

နှင်းရယ်

ခင်ဗျားမပါလဲ ကျွန်တော်ဆက်အိပ်မက်နေမယ်

“တစ်နေ့တော့…”ဆိုတာကိုရူးသွပ်မယ်

“နာကျင် မြူးရူးခြင်း”ရသကိုတစ်ကိုယ်စာခံစားမယ်

နောက်ပြီး

ခင်ဗျားမလျှောက်ခဲ့တဲ့လမ်းမှာ

ခင်ဗျားနောက်လျှောက်လိုက်နေမိတော့မှာပါပဲလေ။ ။

 

ဒီဗိုင်း

၁၀၁၂ အောက်တိုဘာ ၅

ည ၈:၄၂

In: ကဗျာ Posted By: Date: Oct 6, 2012
Comment #1

devine က စာတော်တော်ဖတ်လားဟင် …. ဖွဲ့နွဲ့တာတအားတော်တယ်နော်

commentinfo By: ကဗျာချို at Oct 6, 2012
Comment #2

ဒေါင့်ချိုးတိုင်းမှာ

ခင်ဗျားကနေရာယူထားတုန်းပဲ

ကျွန်တော့မှာသာ ရှောင်ကွင်းသွားရင်းတည့်တည့်ဝင်တိုး

တစ်နေကုန်ကိုယ်ကျိုးနဲရတဲ့ရက်တွေ

မဖြဲဖြစ်သေးတဲ့

ရွက်စုတ်ပြက္ခဒိန်မှာ အထင်းသား

commentinfo By: အသဲကွဲမိုး at Oct 6, 2012
Comment #3

@ကဗျာချို @အသဲကွဲမိုး အဖက်လုပ်ပြီးဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ခဗျာ 🙂

commentinfo By: devine at Oct 6, 2012
Comment #4

အဇ္ဈတကို အခွံခွာမိတိုင်း

ထွက်ကျလာတဲ့နာမည်သုံးလုံးက

ကျွန်တော့တဘဝလုံး တစ်ဟုန်းဟုန်း…

အလင်းမပေးနိုင်ပဲ လောင်ကျွမ်းရုံသက်သက်ကြီးက

ရင်နင့်စရာ

သက်တမ်းလွန် အိမ်မက်တွေထဲက

မိသားစုရုပ်လုံးလေး ကျွန်တော်ဖုန်ထုတ်ခါဖြစ်တယ်

နှင်းရယ် ခင်ဗျားသိပ်ရက်စက်တယ်…

“ဂျစ်ဆော”ဖြစ်သွားတဲ့

စိတ္တဇပန်းချီဟာ

ကစားချင်စရာလဲမကောင်းသလို

ချိတ်ဆွဲထားစရာလဲမဟုတ်ဘူးမှလား

နာနာကျင်ကျင်ကိုနားလည်ပါတယ်

(နှစ်သက်သွားပါသည် ကိုဒီဗိုင်း ရေ)

commentinfo By: နိုးဆက် နေ့ at Jan 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment