Professional Authors

ပုံရိပ်ယောင်

အိပ်မက်တွေ သိမ်းထားစမ်းပါ
ငါ့ရင်ထဲက နေမ၀င်အင်ပါယာမှာ
အရှင်သခင် မပါပဲ အသက်သွင်း
မနက်ခင်းတွေ ရေလောင်းပေါင်းသင်
ငါ့ချစ်ခြင်းကို..ငါ….. ကြီးပြင်းစေမယ်။…….

လွမ်းတတ်တဲ့ စိတ်ခံစားချက် တဲ့
ငါ့အတွက် ခမ်းနားထည်ဝါလို့
ပုရိတ်သတ် မသိခဲ့ ဇာတ်နာတဲ့ပွဲ
လက်ခုပ်သံတွေ လွဲခဲ့တယ်လေ။…..

ရှိပါစေ…………..
မသိမသာနေရင်း……ငါ
ရုပ်သေးရုပ်တွေ အသက်သွင်း
ငါ့ အင်ပါယာ ညခင်းမှာ
လမင်းကို တည်ခင်းဧည့်ခံမယ်။……….

In: ကဗျာ Posted By: Date: Aug 21, 2011
Comment #1

အားပေးသွားပါသည်

Comment #2

ရှိပါစေ…………..
မသိမသာနေရင်း……ငါ
ရုပ်သေးရုပ်တွေ အသက်သွင်း
ငါ့ အင်ပါယာ ညခင်းမှာ
လမင်းကို တည်ခင်းဧည့်ခံမယ်။……….
စာသားလေးမိုက်တယ်ဗျအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 21, 2011
Comment #3

pone yate yaung,,,,,
nice poem.

commentinfo By: ei lay at Aug 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment