Professional Authors

ရင်ငွေ့ခါး…သက်…သူ့အတွက်..ဆုတောင်း

နင့်ကိုလွမ်းလို့……တဲ့
အရိပ်လေး..ဖြစ်ဖြစ်…တွေ့ရယုံ
မရေရာပေမယ့်…..ငါ….သေချာအောင်..ဖွေရှာနေမိ..
နင်ကတော့…..တိတ်တဆိတ်ကြိတ်ရယ်…
ငါ့ကို..လှောင်..ခနဲ့နေတယ်။

တကယ်….နင်အောင်မြင်ပါတယ်
ဒါအချစ်ဆို….???
စစ်တလင်းလည်း…နင်ခင်းခဲ့တယ်
နင်..နင်းခဲ့တဲ့အသည်း….ငါပါ..
ငါမို့လည်း..
နင်မညှာခဲ့တာ………သိတယ်…
သိခဲ့လည်း….ကြွေဆင်းရဖို့ပဲ..လည်ဆင်းဆက်သခဲ့
ဒါပေမယ့်..နင်မကျေနပ်ခဲ့ပါဘူး။

သတင်းသဲ့သဲ့လေးလောက်ကြားဖို့
ငါ့နှလုံးသား ငါ စတေး…အသစ်အသစ်သော
လန်းဆန်းမှုတွေ..ပွေ့ပိုက်…
တဆိတ်….
ငါမပါတော့တဲ့နင့်အနာဂတ်ထဲ
အပြုံးအရယ်တွေ…ကင်းနေစေချင်မိ
ဒါ….အတ္တ….ဆိုပေမယ့်..
နင်မရှိတော့တဲ့နောက်ပိုင်း…
အလွမ်းတွေသာ..ငါမိတ်ဆက်ခဲ့ဖူးတာပါ
နင်ကတော့………
အိပ်မက်ထဲတောင် .ယောင်လို့ငါ့ကိုလှမ်းမခေါ်ပါဘူး…………..။

အတိတ်အကြွေတွေထဲက အရိပ်ဖြစ်ချင်စိတ်
ပြန်လှမ်းမလာတဲ့…ခြေလှမ်းတဖက်အတွက်…
ရင်နှင့်ခင်း..လမ်းဆက်..
အမုန်းတွေ…ရခဲ့တောင်..ဆုလာဒ်အဖြစ်ယုယ
နင့်ကို မှန်းမှန်းပြီး…ငါ့လမ်းတွေ..ပန်းဆင့်လို့ ဆက်သ
တကယ်တော့.
ဒီလူ…ရွက်ခြောက်ပင် ဘ၀ရယ်ရှိတော့တာပါ
နင်ကတော့…..လှည့်လို့တောင်..
အပြုံးတစက်ခြွေမချပေးခဲ့ပါဘူး………။

ငါကတော့…အသည်းအသက်
အချစ်..အနှစ်တို့..နင့်ထံ..တိုးလျိုးစွာ..ဆက်…အပ်
အမှားတချို့များကြီးခဲ့ရင်….
ဒီရင်အပိုင်းပိုင်းကြေအောင်..နင်းကန်
ခွင့်လွှတ်ဖို့..ထက်..စွန့်လွှတ်..လို့ ပစ်ခွာမသွားဖို့
ခေါင်းငုံ့ကာ..ဒူးထောက်ထားသူပါ
………………..
……………………..
နင်ကတော့………….
နင်ကတော့…………………………
ငါ့မျက်ရည်တို့နဲ့ ခြေဆေး
ငါ့အလွမ်းတို့ကို ဟားတိုက်
ငါမပါဝင်တဲ့မနက်ခင်းတိုင်း……..
ငါ့အသည်းကို..ပန်းခတ်ကာ….ဆက်သ..
နင့်အနမ်းတွေ..သူ့အတွက်…ဝေေ၀ဆာဆာ…..
သူပြုံးပျော်မှ..နင်လန်း….
ခုတော့..အရင်ကငါဆိုတာ…
သေသူလောက်မျှ..စာရင်းမရှိတော့ဘူး။

ဒီဘ၀..ဒီမျှ…
ဒီလမ်း…ဒီစခန်းမှာတင်
ငါ့အစွဲအလမ်းတို့
ထာဝရအတွက်..ရုပ်သိမ်းလိုက်ပါပြီ
နင့်ရှေ့ငါ..ထပ်ရောက်မလာတော့ဘူး
တိုးတိုးပြီးမလွမ်းစေဖို့..ခိုးခိုးပြီးငိုရရင်လည်း…
ရှိုက်သံသဲ့သဲ့ရယ်မျှ…မကြားစေရဘူး
နင်ရှိမယ့်..နေရာတိုင်း ငါကျောခိုင်းကာ ထွက်ခွာခဲ့ပြီ
အဆက်ဟောင်းဘ၀မှာတင်..ရင်ခွင်..ဟောင်းလောင်းနဲ့…
အသက်ပြောင်း..ခွင့်…..ရပါရစေတော့……..

နင့်ကို.သိပ်ချစ်မိခဲ့တဲ့….ငါ့နှလုံးသား
ရင်ဘတ်စပ်လို့…ရင်ငွေ့ခါး….သက်..
ယုံမှတ်လို့တယောက်ဆိုတယောက်မှ..
ပုံအပ်တတ်တဲ့ ဒီအသည်းအတွက်
အပြစ်တသက်တကျွန်းစီရင်ချက်ချတယ်….
။ဘ၀စက်တိုင်းးးအချစ်နဲ့..နင့်ကို..မသိနားမလည်သူဖြစ်စေတော့။

In: ကဗျာ Posted By: Date: Jun 20, 2011
Comment #1

အရမ်းကိုခံစားလို့ကောင်းပါတယ်။
မမိုး….အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 21, 2011
Comment #2

“သတင်းသဲ့သဲ့လေးလောက်ကြားဖို့
ငါ့နှလုံးသား ငါ စတေး…အသစ်အသစ်သော
လန်းဆန်းမှုတွေ..ပွေ့ပိုက်…
တဆိတ်….
ငါမပါတော့တဲ့နင့်အနာဂတ်ထဲ
အပြုံးအရယ်တွေ…ကင်းနေစေချင်မိ
ဒါ….အတ္တ….ဆိုပေမယ့်..
နင်မရှိတော့တဲ့နောက်ပိုင်း…
အလွမ်းတွေသာ..ငါမိတ်ဆက်ခဲ့ဖူးတာပါ
နင်ကတော့………
အိပ်မက်ထဲတောင် .ယောင်လို့ငါ့ကိုလှမ်းမခေါ်ပါဘူး…………..။”
အားပေးသွားတယ် မိုးရေ……
ကဗျာလေးတွေ ဖတ်ရတာ အဓိပ္ပါယ်ရှိတယ်….။ ။

commentinfo By: ကေသရီ at Jun 21, 2011
Comment #3

နင်ကတော့………….
နင်ကတော့…………………………
ငါ့မျက်ရည်တို့နဲ့ ခြေဆေး
ငါ့အလွမ်းတို့ကို ဟားတိုက်
ငါမပါဝင်တဲ့မနက်ခင်းတိုင်း……..
ငါ့အသည်းကို..ပန်းခတ်ကာ….ဆက်သ..
နင့်အနမ်းတွေ..သူ့အတွက်…ဝေေ၀ဆာဆာ…..
သူပြုံးပျော်မှ..နင်လန်း….
ခုတော့..အရင်ကငါဆိုတာ…
သေသူလောက်မျှ..စာရင်းမရှိတော့ဘူး။ ( ဒီနေရာလေးကူယူလိုက်ပါတယ်)

commentinfo By: zinlaylay at Jun 21, 2011
Comment #4

“ငါ့မျက်ရည်တို့နဲ့ ခြေဆေး ” ဆိုတဲ့ နေရာမှာ တော်တော်အသက်ပါတယ်နော်………အမ။
ကဗျာ တစ်ပုဒ်လုံးမှာ အဲဒီ့နေရာလေး ဖတ်လိုက်တာနဲ့ တော်တော်လေး ခံစားရတယ်။
အမ ဒီကဗျာ ကို ရေးဖို့ အချိန် ဘယ်လောက် ယူခဲ့ရလဲ။
အမ ရေးတဲ့ ကဗျာထဲမှာ ဒီကဗျာက အသက်အ၀င်ဆုံးပဲ။
ကြိုက်တယ်ဗျာ။
ဖြစ်နိုင်ရင်တောင် ဒီ comment နေရာတွေမှာ ကျွန်တော်ပဲ ထိုင်ပေးလိုက် ချင်တော့တယ်။
အမ ရေးတဲ့ ကဗျာတိုင်း အားပေးနေပါမယ်………………………………………….။
အမ “အသဲကွဲမိုး” ဒီ့ထက်မက ခံစားချက်ပါပါနဲ့ ဆက်လက် အောင်မြင်ပါစေဗျာ။

commentinfo By: sawral at Jun 21, 2011
Comment #5

ကျေးဇူးအများကြီးတင်ပါတယ်…တကယ်..ဒီcomment တွေကြောင့်ပဲ မိုး…ကဗျာလေးတွေတင်ဖြစ်နေတာပါ..
sawral..ရင်ဘတ်ကြီးတခုလုံးရင်းလိုက်ရတယ်…
ကဗျာလှနိုင်လို့ လူကတော့…စုတ်ပြတ်သတ်နေခဲ့တာ…….

commentinfo By: အသဲကွဲမိုး at Jun 21, 2011
Comment #6

အမမိုး……..ခံစားချက်တွေကိုနားလည်တဲ့သူပါ…….
အမရဲ့ ကဗျာမှာ
မျက်ရည်တွေအများကြီးတွေ့ ရတယ်…..
တစ်ခုလောက်အကြံပေးချင်တယ်…..
သူနဲ့ စကားပြောဖူးတဲ့နေရာလေးကို….
ပြန်သွားကြည့်ပါလား……
အမmail ကိုပြန်စစ်ကြည့်စေချင်ပါတယ်…….
အကြံပေးတာပါ……………………..အားပေးနေပါတယ်……

commentinfo By: ခန့် ညား at Jun 21, 2011
Comment #7

မိုးရေ..နင့်ရင်ဘတ်ကြီးတစ်ခုံလုံးနဲ့ ရင်းခဲ့လို့လားမသိဘူး ကဗျာဖတ်ပြီး ငါတောင် အသဲကွဲသွားခဲ့သလိုဘဲ.

commentinfo By: ဖိုးနမ်း at Jun 21, 2011
Comment #8

ကိုခန့်ညားဘာကိုပြောတာလည်းမသိဘူးနော်……….
မိုးကိုအားပေးလို့ကျေးဇူးပါ
ဖိုးနမ်းရေ..ရင်ဘတ်ကြီးနဲ့ရေးခဲ့တာပေါ့ဟာ

commentinfo By: အသဲကွဲမိုး at Jun 21, 2011
Comment #9

တကယ်ကြီးကို ကောင်းလွန်းတယ်ဗျာ……
အမြဲအားပေးနေတယ်ဗျာ

commentinfo By: moehtetaung18 at Jun 22, 2011
Comment #10

ကျေဇူးပါ..ဦးလေးမိုးထက်…. 😀
ကဗျာလေးတွေလာတင်ပါဦးဗျာ

commentinfo By: အသဲကွဲမိုး at Jun 23, 2011
Comment #11

နင့်ကို.သိပ်ချစ်မိခဲ့တဲ့….ငါ့နှလုံးသား
ရင်ဘတ်စပ်လို့…ရင်ငွေ့ခါး….သက်..
ယုံမှတ်လို့တယောက်ဆိုတယောက်မှ..
ပုံအပ်တတ်တဲ့ ဒီအသည်းအတွက်
အပြစ်တသက်တကျွန်းစီရင်ချက်ချတယ်….
။ဘ၀စက်တိုင်းးးအချစ်နဲ့..နင့်ကို..မသိနားမလည်သူဖြစ်စေတော့။
ကျွန်တော်တောင် Heart ထိသွားတယ်…။

Comment #12

ဒီ ကဗျာ ပိုင်ရှင်လေး စိတ်ချမ်း သာ ပါစေ။ ကဗျာလေး က တကယ်ကိုကောင်း ပါတယ်

commentinfo By: [email protected] at Jun 29, 2011
Comment #13

ကဗျာလေးကို တပိုင်းတစ ယူ တာ တောင်းပန်ပါတယ် ဒါကြောင့် face book note ထဲမယ် တင်ထား လိုက် ပါတယ် ခွင့် ပေးပါနော် ။

commentinfo By: [email protected] at Jun 29, 2011
Comment #14

ရမ်းရမ်းကြိုက်တယ်
(နင့်ကို.သိပ်ချစ်မိခဲ့တဲ့….ငါ့နှလုံးသား
ရင်ဘတ်စပ်လို့…ရင်ငွေ့ခါး….သက်..
ယုံမှတ်လို့တယောက်ဆိုတယောက်မှ..
ပုံအပ်တတ်တဲ့ ဒီအသည်းအတွက်
အပြစ်တသက်တကျွန်းစီရင်ချက်ချတယ်….
။ဘ၀စက်တိုင်းးးအချစ်နဲ့..နင့်ကို..မသိနားမလည်သူဖြစ်စေတော့။)
ဒါလေးကိုတော့ ပိုခိုက်တယ် ။

commentinfo By: thu lay at Jun 30, 2011
Comment #15

Poet ရဲ့ခံစားချက်က အတော်ကို ပြင်းထန်တာဘဲ။ ကျွန်တော်တောင် ဒီ poem ဖတ်ပြီးတော့ ကျွန်တော့ Lap Top Screen ကြီးအက်သွားသလားထင်မိတယ်။ ဒီ site ကို ခုမှအလည်လာဖြစ်တာပါ ဒါပေမယ့် poem နဲ့ပတ်သက်လို့တော့ အရိုးဆွေးနေပါပြီ။ အစ်မ ကြိုးစားထားနော်။

commentinfo By: Nay Chi at Jul 3, 2011
Comment #16

နင့်ကို.သိပ်ချစ်မိခဲ့တဲ့….ငါ့နှလုံးသား
ရင်ဘတ်စပ်လို့…ရင်ငွေ့ခါး….သက်..
ယုံမှတ်လို့တယောက်ဆိုတယောက်မှ..
ပုံအပ်တတ်တဲ့ ဒီအသည်းအတွက်
အပြစ်တသက်တကျွန်းစီရင်ချက်ချတယ်….
။ဘ၀စက်တိုင်းးးအချစ်နဲ့..နင့်ကို..မသိနားမလည်သူဖြစ်စေတော့။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #17

မိုးကိုအားပေးးတဲ့မောင်နှမများအားလုံး..တကယ်ကို..လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်….
…………………………………………………………………………………………..
ကျေးဇူးတင်တယ်ဆိုတာထက်..ပိုလေးနက်တာများရှိရင်ပြောလိုက်ချင်ပါတယ်

commentinfo By: အသဲကွဲမိုး at Aug 15, 2011
Comment #18

နင့်ကို.သိပ်ချစ်မိခဲ့တဲ့….ငါ့နှလုံးသား
ရင်ဘတ်စပ်လို့…ရင်ငွေ့ခါး….သက်..
ယုံမှတ်လို့တယောက်ဆိုတယောက်မှ..
ပုံအပ်တတ်တဲ့ ဒီအသည်းအတွက်
အပြစ်တသက်တကျွန်းစီရင်ချက်ချတယ်….
။ဘ၀စက်တိုင်းးးအချစ်နဲ့..နင့်ကို..မသိနားမလည်သူဖြစ်စေတော့။အဲလိုတော့မခုပ်ပါနဲ့ဗျာ …. 🙁

commentinfo By: chityellusoelay at Aug 19, 2011
Comment #19

ကြည့်သောသူမြင်၏ တဲ့ ကျနော့်မှာတော့တနေ့နဲ့တစ်နေ့ မမိုးကဗျာလေးတွေဖတ်ရင်းကို ပြည့်စုံနေခဲ့ပြီ။ 🙂

commentinfo By: မာန်ခက်ဝင့် at Feb 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment