Professional Authors

သူငယ်ချင်း သို့

သူငယ်ချင်း..
မင်းတို့ ငါတို့ ဟိုး ငယ်ငယ်
ကျောင်းသား ဘဝတွေမှာ
အိမ်ပြန်ချင်ဇောနဲ့
ကျောင်းဆင်းခေါင်းလောင်း
ကိုလည်းမျှော်ခဲ့ဖူးတယ်…..
လွတ်လပ်ငြိမ်းချမ်းမယ် အသိနဲ့
ကျောင်းပိတ်ရက်တွေ ဆိုလည်း
ပျော်ခဲ့ဖူးတယ်…..
အားလုံး ချုပ်ငြိမ်းသွားမယ် အထင်နဲ့
ကျောင်းမြန်မြန်ပြီးဖို့လည်း
ဆုတောင်းဖူးတယ်…..
ကျောင်းပြီးသွားတာဟာ
ဘဝအစ
ဒုက္ခတွေရဲ့နိဒါန်း
လူ့ဘဝလမ်း ခပ်ကြမ်းကြမ်း
လျှောက်လှမ်းရမယ်
ဒီလို သိသလိုလို ရှိလာပြန်တော့
ဇွန်လရဲ့ မိုးစက်တွေအောက်က
ကျောင်းတက်ခေါင်း လောင်းသံကို
ငါ တမ်းတသတိရမိပြန်တယ်……….

In: ကဗျာ Posted By: Date: Feb 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment