သူငယ်ချင်းရေ…………………………။
ယန္တရားကယ်
ဖုန်တသိုက်မှ
ဆွယ်လိုက်သည့် သည်အတွေး
ငယ်ခိုက်ဝယ် ဖြစ်သည့်ကလေးဘဝ
ရခဲ လှဖန်ဖန်
ဆော့ကစားကျ ကြံဖန်ရယ်နဲ့
ရိုးသားအတွေး
ကျောင်းမှလည်း
စာကြိုးစားကြသူတွေ…………..
ဆရာတွေချစ်
အလိမ္မာဖြစ်လို့
ညဏ်တွေရယ်ကောင်း
ကျောင်းတွေပြောင်းလည်း
ထူးသည့်အဆင့်
အမြဲ တက်လှမ်း
တစ်ဆို သည့်သည်ပန်း
သူပဲပန်ဆင်
ဆွတ်ခူးခဲ့တဲ့
ရွာကသယ်ရင်း
စိတ်ချင်းမဝေး
လူချင်းကယ်မနီး
ဘယ်များရောက်နေသလဲကွာ…………..
ထိုမှ တဖန်
ရွာက ပင်တိုင်စံ
အလှမှာကျော့ရှင်း
အယဉ်မှ မထီ
မဒီလှ လှ
ကိုယ်ဟန်ကြွကြွနဲ့
ညနေဆိုရေခပ်
အနေသေသပ်တဲ့ကောင်မလေး
အဖော် ဝေးလည်း
ဆွေမဝေးပဲ
ငါလေ အားရင်နင့်အကြောင်းတွေးမိသေးတယ်…………..
ရွာကကျောင်း
ဒီ ဘဲလ် ခေါင်းလောင်း
သင်ခဲ့သည့်ဆရာ
ဦးစေတနာလည်း
ဘ၀တပါး သူပြောင်းလေပြီ
အော်………….မလိုသည့်
အတွေးရှောင်ဖယ်ပြေးလည်း
ယခု တို့ရွာ
တို့ဒေသ
စီမံကိန်းထဲကိုပါ
ဖျက်ရကိန်းနီးနေပါကောလား……….
ငယ်ငယ်ကိုတို့တွေကို ဆုံးမခဲ့တဲ့
ကျောင်းနဲ့ သူ့ခေါင်းလောင်းလည်း
ဘယ်မှာများအသံ
ချွင်ခြံမည်နိုင်မည်ပ…………..
ရွာက မန်ကျည်းပင်
မင်းလည်းတက်ငါလည်းတက်
လူနှစ်ဖက်စာကြီး
မင်းပြန်လာ သူအရိပ်မှာ ခိုစရာ ကျန်ပါဦးစ
သူငယ်ချင်း…………….
ရွာဘေးက တောလမ်း
မင်းတို့ငါတို့ အစဉ်လျှောက်လှမ်းခဲ့
အခုတော့ တို့တတွေတုန်းကလို့
အလှများမရှိ နတ္ထိကင်းမဲ့
မင်းလွမ်းချင်သလား
မင်းလွမ်းချင်သလား
ရွာက မန်ကျည်းပင် ကို မင်းလွမ်းချင်သလား
ရွာက ကျောင်းကို မင်းလွမ်းချင်သလား
ရွာက တောလမ်းကို မင်းလွမ်းချင်သလား
ရွာက ချောင်းကလေးကို မင်းလွမ်းချင်သလား……………..
သူငယ်ချင်း……………..။
Comment #3
very very like
friend is forever
By: loafer at Dec 3, 2012
Comment #4
လွမ်းတယ် ရွာကိုလွမ်းတယ်ရှင့် ဒီကဗျာဖတ်ပြီး သတိရလိုက်တာရှင်
By: မေပျို at Dec 3, 2012
Comment #5
“Friend is forever”
For me,,I m not sure.
😛
By: ei lay at Dec 4, 2012




Comment #1
Real creation?
😉