Professional Authors

Monopoly

လိုအပ်နေတာတွေကိုပေးဖို့ သွေးသားတောင်းဆိုမှုကို

နံရံမှာခဏချိတ်ထားပေး ၊ အနေဝေးသလိုလိုနဲ့ ၊

တမျှော်တခေါ်စိတ်ကူးတွေထွန်းညှိ ၊ ကျေးဇူးပြုပြီးလင်ယူသားမွေးကိစ္စတွေ

ဘေးနားခဏရပ်ထားပေးလို့ရမလား ၊

 

အဝေးဆုံးမှာ ၊ အနီးကြီးကပ်လွဲနေတာ ၊ လောကကြီးတစ်ခုလုံး

ဇောက်ထိုးချိတ်ဆွဲခံနေရသလိုမျက်နှာပေးနဲ့ ၊ မာယာ ၊ ဘဝကဝစ်လစ်စလစ်၊

ဖြတ်မယ် ၊ လက်/ခြေ သည်း ၊ ရှည်နေတဲ့အတွေး ၊ ခန္ဓာကိုယ်မှာ ပိုနေတဲ့အရာမှန်သမျှ ၊

ဟိုဖြတ်/သည်ဖျက် ၊ ဟိုနားဒီနား ၊ မကြာခဏတွေ့နေရတဲ့ စိတ်ကူးစိတ်သန်း ၊

လူရဲ့အပိုစဉ်းစားတက်တဲ့ ဦးနှောက်တစ်လုံး ၊ မသေချာမရေရာတဲ့ အပိုခံစားချက်တစ်ခု၊

ဝတ်မှုန်ကူးချင်စိတ်မကြာခဏဖြစ်ပေါ်နေသော စိတ်အပိုတစ်ခု ၊ ဓာတ်တိုးစေသည့် စီးကရက်တစ်လိပ်၊

ရုပ် နာမ် နှစ်ပါးစလုံးမပါရှိသော လိုအပ်တဲ့ poison တစ်မျိုး ၊

 

စီးကရက်မီးခိုးငွေ့လို မှုတ်ထုတ်ခံနေရသော လူ့ဘဝဖြစ်စဉ်များ ၊

လူဟာ လူဖြစ်ကြောင်းခေါင်းပန်းလှန်စရာမလိုဘူး ၊

သတ်မှတ်ချက်အားလုံးကို လိုက်နာမှဖြစ်မယ်ဆိုတဲ့ အရိုးမြေကျနေတဲ့ ယဉ်ကျေးမှုပြတိုက်အတွက်

မိန်းမတစ်ယောက်ရဲ့ သိမ်မွေ့နူးညံ့မှုကိုပယ်တယ် ၊

 

 

မိငြိဏ်းခက်

 

 

In: ကဗျာ Posted By: Date: Feb 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment