Professional Authors

အသက်မဲ့ကဗျာ

နှစ်ခါပြန်မရနိုင်တဲ့အခွင့်အရေးအတွက် အခါခါငိုရှိုက်သံများ
အလွှာမခြားပေမယ့်ကမ္ဘာခြားနေတဲ့ချစ်သူများလို
ငါမှားနေခဲ့တာ ငါ ကိုယ်တိုင်သိပါရဲ့
မဟာအမှားတွေကြားမှာ ကဗျာစာသားတွေတောင်ခါးသွားခဲ့
ငါညညတွေမှာ များများနေခဲ့တာအတော်ကြာခဲ့ပြီ
နှစ်လွှာတစ်ရွက်လိုမဖြစ်ခဲ့ပေမယ့် တစ်ခါတစ်သက်မှာ ဒီတစ်ယောက်ကိုသာချစ်မိခဲ့
ငါ့ရင်ပွက်ပွက်ဆူနေပြီကွယ်
နီးတကျက်ကျက်မဖြစ်ခဲ့ရပေမယ့် ဝေးမှဘာလို့တသက်သက်ဖြစ်နေရပါလိမ့်
ငါ့ရင်မုန်တိုင်းလွမ်းချင်တိုင်းလွမ်းနေခဲ့ရပေါ့
မင်းကျောခိုင်းတော့မယ်ဆိုတာသိနေခဲ့တာဆိုးလွန်းပါတယ်
အမျိုးအရင်းတွေတောင်သစ္စာဖောက်တဲ့ခေတ်မှာ
အရိုးအရင်းကိုကိုက်ရဖို့အတွက် မိတ်ဆွေရင်းတွေရဲ့နောက်ကျောမှာ
ဒဏ်ရာတွေထပ်ထပ်လာခဲ့ပေါ့
ဒါတစ်လမ်းကြောတည်းမဟုတ်နိုင်ခဲ့ပေမယ့် အလွမ်းမောကြီးသာမောနေခဲ့ရ
ငါလှမ်းပြီးပြောလိုက်ချင်တာက
ကမ်းလို့မချွေလိုက်ပါနဲ့ ပန်းလို့နေပါ့မယ်ကွယ်
ငါဟာလွမ်းလို့သေသွားတဲ့ကဗျာတစ်ပုဒ်ဆိုတာ
ကဗျာဖတ်သူတို့ တနေ့မဟုတ်တနေ့
သိနိုင်ကြပါလိမ့်မယ် ။                ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Feb 5, 2013
Comment #1

mike ei

commentinfo By: ei lay at Feb 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment