“ကျွန်ုပ် သူမကိုချစ်သည်မှာ”………….
နေ့ရက်လတာ မည်မျှကြာ
သူမအားမေ့လျော့စေခြင်းငှာ မတတ်နိုင်သာ…
ပျော်စရာအတိမနက်ဖြန်များ တသိုက်သိုက်
သာယာယစ်မူးဖွယ်ရာ အိပ်မက်လှေများ တဆိုက်ဆိုက်..
အကယ်မူကား ကျွန်ုပ်မှာ မရွေ.လျားနိုင်/တတ်သော သစ်ပင်ငယ်တစ်ပင်သာ…
အချိန်မရွေးဝင်ထွက်သွားလာနိုင်အောင် အရိပ်ငယ်တစ်ခုစာ..
သို့ရာ ကျွန်ုပ်တို့ဧ။် သံသယမှာမူကား \”အချစ်သစ္စာဖောက်မုသာ\”………
လခြမ်းကွေးပေါ်ထိုင်စေလျက် ပတ်သာစောင်းတီးကာ
သူမအား အချိုမြိန်ဆုံးပြုံးပျော်စေမှာ…..
ကျွန်ုပ်ဧ။်ဘ၀အား လိုသလို တည့်မတ်စေပါ
သင်ဧ။် နူးညံ့သော စွက်ဖက်မှုအားဖြင့်သာ..
မည်သည့် အန္တာရယ်ကိုမျှ မကြောက်စွာ
ကျွန်ုပ် သင်နှင့်အတူ ရှိမည်မှာ…
စကားလုံးများအားဖြင့် ဖော်ပြခြင်းငှာ
မစွမ်းနိုင်သာ……..
သည်ကား မည်မျှလောက်
ကျွန်ုပ် သူမကို ချစ်သည်မှာ….
Comment #2
အကယ်မူကား ကျွန်ုပ်မှာ မရွေ.လျားနိုင်/တတ်သော သစ်ပင်ငယ်တစ်ပင်သာ…
အချိန်မရွေးဝင်ထွက်သွားလာနိုင်အောင် အရိပ်ငယ်တစ်ခုစာ..
သို့ရာ ကျွန်ုပ်တို့ဧ။် သံသယမှာမူကား \”အချစ်သစ္စာဖောက်မုသာ\”
ပီတာရေ ကဗျာရေးပါဦးဟ
အားပေးနေတယ်
By: sharon myorr myor at Aug 5, 2012
Comment #3
r larrr larrr
excellent creation
i like both title & poem especially choice of words
By: ei lay at Feb 19, 2013




Comment #1
အားပေးပါတယ်….။