Professional Authors

ဟောင်းနွမ်းဥယျာဉ်

နင့် အတွက် အရိပ်စစ်တစ်ခု
သေသေချာချာ ဖြစ်ခဲ့၊ ရခဲ့မယ်ဆိုရင်
လိုအပ်ခြင်းကွပ်လပ် တစ်ခုမှာ
ငါ ဆိုတာ … မတ်မတ်ကလေး
ရပ်နေပေးခဲ့ရတာလည်း တန်ပါတယ် ။

ဆန်းတော့ မထူးဆန်းပါဘူး
ငါရေးခဲ့တဲ့ … အတွက်
နင့်ရဲ့ နားမလည်ခြင်းတွေ ကျောပိုးပြီး
မိုးထဲရေထဲမှာလည်း … ငါ လမ်းဆက်လျောက်နေမြဲလေ ။

ခရီးမိုင်တွေကလည်း ရှည်ရှည်လျားလျား
ငိုင်တွေရင်းသွားနေရဦးမှာပဲ … ။

အခုတော့လည်း …
ကြေကြေကွဲကွဲ တိတ်ဆိတ်
အရာရာမှာ အရိပ်ထင်လို့
နင် မမြင်ချင်တော့တဲ့
ငါ့ ရင်ဘတ်ဟောင်းလောင်းပွင့်ထဲမှာ
ကဗျာတွေလည်း ကောင်းကောင်းပွင့်နေပြီ … ။

ကြယ်စစ်သည်

In: ကဗျာ Posted By: Date: Oct 14, 2011
Comment #1

ငါ့ ရင်ဘတ်ဟောင်းလောင်းပွင့်ထဲမှာ
ကဗျာတွေလည်း ကောင်းကောင်းပွင့်နေပြီ … ။
ကောင်းလိုက်တာဗျာ……..။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 14, 2011
Comment #2

နင့် အတွက် အရိပ်စစ်တစ်ခု
သေသေချာချာ ဖြစ်ခဲ့၊ ရခဲ့မယ်ဆိုရင်
လိုအပ်ခြင်းကွပ်လပ် တစ်ခုမှာ
ငါ ဆိုတာ … မတ်မတ်ကလေး
ရပ်နေပေးခဲ့ရတာလည်း တန်ပါတယ် ။

commentinfo By: nwenyeinaye at Oct 14, 2011
Comment #3

ကျေးဇူးတင်ပါတယ်ခင်ဗျာ….

commentinfo By: ကြယ်စစ်သည် at Oct 14, 2011
Comment #4

နင့် အတွက် အရိပ်စစ်တစ်ခု
သေသေချာချာ ဖြစ်ခဲ့၊ ရခဲ့မယ်ဆိုရင်
လိုအပ်ခြင်းကွပ်လပ် တစ်ခုမှာ
ငါ ဆိုတာ … မတ်မတ်ကလေး
ရပ်နေပေးခဲ့ရတာလည်း တန်ပါတယ် ။ …..

commentinfo By: Nge Lay at Oct 14, 2011
Comment #5

ကောင်းတယ်ဗျာ….
အခုတော့လည်း …
ကြေကြေကွဲကွဲ တိတ်ဆိတ်
အရာရာမှာ အရိပ်ထင်လို့
နင် မမြင်ချင်တော့တဲ့
ငါ့ ရင်ဘတ်ဟောင်းလောင်းပွင့်ထဲမှာ
ကဗျာတွေလည်း ကောင်းကောင်းပွင့်နေပြီ … ။

အားပေးသွားတယ်ဗျာ…..

commentinfo By: သားသား at Oct 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment