Professional Authors

မျှော်လင့်မထားသော တိုက်ဆိုင်မှု

လေအဝေ့ ခြောက်သွေ့တဲ့ရာသီ

ကြွေလေပြီ ရွှေအိုရွက်ဝါ

မြေမခမီ ခဏတာ …

ဖြတ်အလျှောက်

သစ်ပင်အောက် ရောက်လို့လာ

ထင်မှတ်အမှား

ကိုယ့်အတွက်ပဲ ကြွေလေရော့သလား …

တကယ်ဆို သူ့သဘာဝ

သူ့ဟာသူကြွေ

ကိုယ့်အတွက် ကိုယ့်လမ်းကိုလျှောက် …

တိုက်ဆိုင်မှုမှာ

အပြစ်မရှိလောက်ပါဘူး

ခံယူမှုမှာသာ

တာဝန်ရှိတာပါ …

Snowy | (1-Feb-2013)

In: ကဗျာ Posted By: Date: Feb 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment