Professional Authors

လူသားဖြစ်နေရဆဲ ငါ…

bluehope

လူသားဖြစ်နေရဆဲ ငါ…
ငါ တကယ်ဆို လူမဖြစ်သင့်ခဲ့ပါ..
ငါတကယ်ဆို ကမ္ဘာကြီးအတွက် အလေးချိန်စီးနေခဲ့တာ ကြာပြီ..
ငါ တကယ်ဆို တန်ဖိုးဆိုတာရဲ့ ဆန့်ကျင့်ခြင်း ခံထားရတယ်..
ငါ တကယ်ဆို တောအထာနဲ့ တောအလှကိုဘဲ ရစ်မူးနေသူပေါ့..
ငါတကယ်ဆို ထင်းရှူးပင်ရိပ်ဆိုတဲ့  ကဗျာတွေရဲ့ လောင်းရိပ် ဖြစ်နေခဲ့ရပေါ့……
အဲဒီ ဒုက္ခကြောင့် ငါ လူဖြစ်ရတာကို မုန်းနေခဲ့တာကြာပြီ..

BlueHope

In: ကဗျာ Posted By: Date: Jun 21, 2011
Comment #1

အဲဒီ ဒုက္ခကြောင့် ငါ လူဖြစ်ရတာကို မုန်းနေခဲ့တာကြာပြီ..(ပိုကြိုက်တဲ့စာသားလေးပါ…။)

Comment #2

ငါ လူဖြစ်ရတာကို မုန်းနေခဲ့တာကြာပြီ….။

commentinfo By: မြေနံ့ at Jun 26, 2011
Comment #3

nice.

commentinfo By: ei lay at Aug 14, 2011
Comment #4

ထင်းရှူးပင်ရိပ်ဆိုတဲ့ ကဗျာတွေရဲ့ လောင်းရိပ် ဖြစ်နေခဲ့ရပေါ့…
အားပေးသွားပါတယ်
ယနေ့ ခေတ် ကဗျာ ရေးတဲ့သူတွေက ထင်းရှူးပင်ရိပ် လောင်းရိပ် ကင်းပီလို့ ထင်ပါတရ်

Comment #5

မောင်သာနိုး ဟုတ်စ ဟား ဟား ရယ်လိုက်ရ

commentinfo By: fullfriday at Aug 26, 2012
Comment #6

ထင်းရှုးပင်ဆိုတာကို ကြားလို့ အဆိုတော် ကျားပေါက်ရဲ့ ချောင်းဆိုးရင်လက်မ ကို ၀ှတ်ထားပါ ဆိုတဲ့ ၀တ္ထုတို ထဲက အပိုင်းအစ လေးကို ပြန်လည်ရေးသားလိုက်ပါတယ်။ ‘လက်ထဲမှာ ဘာရှိလဲ’ ညာလက်ကို ဆုပ်ထားသော ကောင်မလေးက မေးတယ်။ ‘နေကြာစေ့ပေါ့’ဟု စိတ်မပါစွာဖြေလိုက်သည်။သူမ၏ သွားများတွင် နေကြာစေ့များ ကပ်နေသည်။နောက်တစ်ခါထပ်ဝှတ် မယ်လို့ပြောကာ ‘ကဲ ဒီတစ်ခါ ဘာရှိလဲ’ ကျွန်တော် ဘာဖြေရမှန်း မသိပါ။သူမ၏ သွားများတွင် ရောင်စုံခဲတံဖတ်များ ကပ်နေသောကြောင့်ဖြစ်သည်။ ဒီလိုအရေးအသားမျိုးဆိုရင်တော့ မောင်ငယ်သွေးပြောတာ ဖြစ်နိုင်ပါတယ်။ကျန်တာတွေကတော့———

commentinfo By:်fullfriday at Aug 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment