Professional Authors

ကဗျာမရေးဖြစ်တဲ့ ည(မင်းလူန)

ဘ၀ဟာ
တစ္စေမကြောက်တက်တဲ့ မျက်ကန်းတစ်ကောင်ရဲ့ 
အလင်းလတ်ဆုံးည
ဒါဟာကမူးရှူးထိုးနိုင်တဲ့ ပေါက်ကွဲခြင်းအစအန
ဘယ်သူဟာဘယ်သူ့ ကို
ဘာပေးဆပ်ဖို့ ဘယ်တုန်းကစဉ်းစာချင်ခဲ့ လို့ လဲ
(လူများ)
မနိုင်မနငိးဝန်နဲ့ မျက်နှာကြောတင်းရခြင်းအကြောင်းပြချက်ထဲမှာ
တစ်ယောက်နဲ့ တစ်ယောက်စည်းဖေါက်
(ဖေါက်ပြားသက်ဖြတ်)
အို
တမ်းတခြင်းအလင်္ကာရဲ့ ခေါင်းစဉ်
အသင်လောက
အိုအသင်လောကရေ
မာန၊အသိတရားနဲ့ ချိနဲ့ နေတဲ့ ဦးနှောက်များ
လမ်းလျှောက်ကောင်းတဲ့ အဖြစ်ကိုဖန်ဆင်းပေးတော်မူပါ
ပန်းသီးမှာအပြစ်မရှိသလိုနံရိုးတစ်ချောင်းမှာလဲအပြစ်မရှိလောက်ပါဘူး
ငွေကြေးနဲ့ ချစ်ခြင်းဟာ
တစ်ကယ်တော့ ဂျုံးဂျုံးကျခမ်းနာဖို့ လောက်ပဲသစ္စာရှိတာ
သူ့ မှာ
မရှိခြင်းနဲ့ ပူလောင်ခြင်းကိုဖွဲ့ သီဖို့ လောက်ပဲစွမ်းတာ
ကျောချစရာမလိုဘူး
နောက်ပြီးနောက်ကျောကထိုးမဲ့ ဓါးအကြောင်းမပြောနဲ့ 
လူ့ ပါတ်ဝန်းကျင်မှာ
အသိတရားနဲ့ နေတက်တဲ့ အခါကဗျာဆရာတစ်ယောက်
လူတွေနဲ့ မသင့် မြတ်တော့ ဘူး
ခတ်တယ်
ဒီကဗျာရေးဖို့ ခတ်တာ
သက်ဆိုသူတိုင်းသိစေတော့ ။
မျက်နှာချင်းဆိုင်ထားတဲ့ ကျောခိုင်းခြင်းတွေအောက်မှာ
ကျုပ်အောင်မြင်စွာကျရုံနေပါသည်။

                                        မင်းလူန

In: ကဗျာ Posted By: Date: May 28, 2012
Comment #1

တစ်ပုဒ်လုံးနှစ်သက်တယ်ဗျာ

commentinfo By: athaekwelmoe at May 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment