Professional Authors

ပုံပြင်


တစ်နှစ်တစ်ခါ
အချစ်ကဗျာ ဖွဲ့ကြတဲ့နေ့။

နေ့ရက်အဟောင်းတွေ
ရွေ့သက်ပြောင်းလဲသွားတဲ့အခါ
အချစ်ဟာ တဖြည်းဖြည်း
သစ္စာ မေတ္တာနဲ့ဝေးပေါ့။

မင်နဲ့ခြစ်ပြရုံ
ရင်ထဲက ချစ်သမျှ ယုံရင်
ဒီပုံပြင် ဆက်မပြောချင်ဘူး။

တကယ်ပါ
ဘယ်ကမ္ဘာမှ (ဒီကမ္ဘာလို)
ထည်ဝါစွာ ကျင်းပကြမှာမဟုတ်ဘူး။

ဒီနေ့လေ
ဧ၀အချစ်ကြီး ဆိုးနွဲ့သမျှ
အာဒမ်သစ်သီးခိုးခဲ့ရတဲ့နေ့။

In: ကဗျာ Posted By: Date: Feb 14, 2013
Comment #1

ဒီနေ့လေ
ဧ၀အချစ်ကြီး ဆိုးနွဲ့သမျှ
အာဒမ်သစ်သီးခိုးခဲ့ရတဲ့နေ့။

အားပေးသွားပါတယ် မိုက်တယ် … ။

commentinfo By: loafer at Feb 14, 2013
Comment #2

အဟက်
မိုက်တယ်ကွာ

commentinfo By: ei lay at Feb 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment