Professional Authors

*အိပ်မက်ကို မထိပါးနဲ့သူငယ်ချင်း*

အိပ်မက်နဲ့မျှားတဲ့ဝိုင်တစ်ခွက်ဆိုတာ
ချိုအီယစ်မူးခြင်းမရှီပါဘူး…

ကြယ်ကြွေတာလဲဆုမတောင်းနဲ့
သူတောင်မှပျက်ကြွေရပါတယ်ဆို
မင်းအတွက်ဘာဖြစ်တည်မှာလဲ…

မနက်ဖြန်ဆိုတာမစောင့်စားနဲ့
စိတ်မခိုင်သူအတွက်တော့မနက်ဖြန်ဆိုတာ အိပ်မက် …

အကောင်းဆုံးကဗျာကိုအဆုံးထိမဖတ်နဲ့
မင်းခံစားမှုကို အလိုမပြည့်ခြင်းနဲ့ရပ်စဲလိမ့်မယ်…

အချစ်ကိုအများကြီးထွေးပွေ့မထားနဲ့
အမုန်းအရောင်များပြောင်းသွားခဲ့ရင် မင်းဝန်ပိနေပါ့မယ်…

မင်းသာခံစားတတ်မယ် ကြေကွဲလွယ်တယ်ဆို
မသေချာခြင်းကိုထိတွေ့ဖို့မကြိုးစားပါနဲ့လား
အဆုံးထိရပ်ကြည့်ပြီးမှပြုံးပါကွာ…

                                                        သလင်း(၁၂.၃.၂၀၁၃)အင်္ဂါ

In: ကဗျာ Posted By: Date: Feb 12, 2013
Comment #1

thz for sharing knowledges.

commentinfo By: ei lay at Feb 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment