အသေကောင်တောင်းတဲ့ဆု…. (မိုးထက်အောင်)
အသေကောင်တောင်းတဲ့ဆု….
သံစဉ်တွေကိုက မှော်ဝင်ကကြိုးနဲ့ ကခုန်နေခဲ့တာ
စံပယ်ပွင့်တွေတောင် ပျာယာခတ်သွားတယ်
အဝေးကမြို့ လေးကိုလည်း ကျွန်တော်ပြန်လာမယ်လို့ ပြောထားတာကြာပြီ
(ဒါပေမဲ့…….)
လမ်းမှာ ခဏခဏခလုပ်တိုက်လဲတယ်
တစ်ခါတုန်းက အရင်းနှီးဆုံးသူစိမ်းကိုလည်း သတိရတယ်ပြောပေးပါ
ဘယ်လျှောက်လဲချက်မှမတင်ဘူး(ကြာတယ်)
အသစ်စက်စက်တင်သွင်းထားတဲ့ သူမရဲ့ရင်ခုန်သံလေး မော်ဒယ်(လ်)မြင့်ပါစေ
ပျက်ဆီးနေတဲ့ အပြိုအပျက်တွေကြားမှာ ငေါင်စင်းစင်းကြီးသူရဲကောင်းဖြစ်နေခဲ့တာ
(ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တယ်….)
ငတုံးးးးးး….မင်းရှုံးနိမ့်တယ်လို့ မထင်ဘူးလား
(ဘယ်လိုပဲ ဖြစ်ပါစေဗျာ…….)
တစ်ခါတုန်းက အရင်းနှီးဆုံးသူစိမ်းကိုတော့ သတိရတယ်ပြောပေးပါ
အသစ်စက်စက်တင်သွင်းထားတဲ့ သူမရဲ့ရင်ခုန်သံလေး မော်ဒယ်(လ်)မြင့်ပါစေ……
အသစ်စက်စက်တင်သွင်းထားတဲ့ သူမရဲ့ရင်ခုန်သံလေး မော်ဒယ်(လ်)မြင့်ပါစေ……….
                                                       
အသစ်စက်စက်တင်သွင်းထားတဲ့ သူမရဲ့ရင်ခုန်သံလေး…………………………..။
မိုးထက်အောင်
Comment #3
wow
 By: ei lay at Feb 10, 2013
                        By: ei lay at Feb 10, 2013
                    Comment #4
ကဗျာကတိုပေမယ့် အနှစ်သာရရှိတယ် ~
With respect,
RAY
 By: X - ray at Feb 11, 2013
                        By: X - ray at Feb 11, 2013
                    Comment #5
အရင်းနှီးဆုံး တစိမ်းဆိုတာ လင်မယားကို ပြောတာမလားဗျ ကိုမိုးထက်အောင် …. ဒါဆိုရင်တော့ ကဗျာက တမျိုးတမည် အဓိပ္ပါယ် ပြောင်းသွားနိုင်တယ်ထင်တယ်ဗျနော်။ မိုက်တယ်ဗျ ကျနော် အားပေးသွားပါတယ်။
 By: ChIr0N at Feb 11, 2013
                        By: ChIr0N at Feb 11, 2013
                    Comment #6
he.he.
ei le ko chiron ko htout khan pae ei.
😛
 By: ei lay at Feb 11, 2013
                        By: ei lay at Feb 11, 2013
                    Comment #7
အဝေးကမြို့ လေးကိုလည်း ကျွန်တော်ပြန်လာမယ်လို့ ပြောထားတာကြာပြီ
(ဒါပေမဲ့…….)
လမ်းမှာ ခဏခဏခလုပ်တိုက်လဲတယ်
 By: နွေ at Feb 11, 2013
                        By: နွေ at Feb 11, 2013
                    Comment #8
တစ်ခါတုန်းက အရင်းနှီးဆုံးသူစိမ်းကိုတော့ သတိရတယ်ပြောပေးပါ
အသစ်စက်စက်တင်သွင်းထားတဲ့ သူမရဲ့ရင်ခုန်သံလေး မော်ဒယ်(လ်)မြင့်ပါစေ……
 By: waiyan at Feb 11, 2013
                        By: waiyan at Feb 11, 2013
                    Comment #10
…အတွေးလှတဲ့ ကဗျာဆရာရဲ့ လက်ရာ…….
 By: နိုးဆက် နေ့ at Feb 12, 2013
                        By: နိုးဆက် နေ့ at Feb 12, 2013
                    Comment #11
ကျွန်မကတော့ အရင်းနှီးဆုံးသူစိမ်းဆိုတာကို လင်မယားလို့သတ်မှတ်တဲ့ ကိုချီရွန်ပြောတာကို မထောက်ခံဘူး 🙂
ဒါဆိုလင်မယားကွဲတယ်ဆိုတာ မရင်းနှီးလို့လားး ?? ကဗျာရဲ့ဖွင့်ဆိုချက်က ဒီ့ထက်ပိုလှပါတယ် ။
 By: မိငြိဏ်းခက် at Feb 13, 2013
                        By: မိငြိဏ်းခက် at Feb 13, 2013
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
လူတော်ပဲဗျ
အားပေးနေဆဲ ..