Professional Authors

ပုံတူ ကူးထားတဲ့ အပြုံး

အရိပ်တု အရိပ်ယောင်….
ချောက်ကမ်းပါး အိပ်မက်စစ်ထဲ ခုန်ချ
တိမ်တွေကြားထဲ လက်ဝါးဖြန့် 
နေမဝင်ခင် ပြန်လာဖို့ 
ကျွန်တော်ကြိုးစားတယ်

အပြုံးတု ခပ်ပါးပါးဖုံး…
လေနီကြားက ဘဝ
ကျောက်ဖြုန်းသာသာနဲ့ …အရိုင်းဆန်တော့
ရာဖြတ်ဖို့  မင်းမစဉ်းစားဘူး..

ထောင့်စွန်းက ထောင့်မှန်ကျကျ
ဒါတြိဂံ နှစ်ခု ……
သင်္ချာကမှန်လား..သဘာဝကမှားလား

ရုတ်တရက် ဘောပင်ကိုမြှောက်
အကျမလှတဲ့…ကလောင်
နယူတန် က ဘယ်သူလဲ….

နုတ်ခမ်းတစ်ချက်မဲ့….အပြုံး
မှန်တစ်ချက်ရဲ့ ရိုးသားမှုနဲ့ 
ဒါက တန်ပြန်အပြုံး….အတုပေါ့
ကျွန်တော်ကကော……….။

In: ကဗျာ Posted By: Date: Feb 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment