Professional Authors

လျောက်

ငါလျောက်နေခဲ့တယ်..

 

ေ၀၀ါးခြင်း အဆုံးကို

တစ်လှမ်းခြင်း တစ်လှမ်းခြင်းနဲ့..

 

ရပ်တန်းရမှန်း မသိခဲ့ဘူး..

 

ဒါ အကြောင်းပြချက် ကင်းတဲ့

ရနံတွေ ပြေးတမ်း လိုက်တမ်းဆော့နေတာ မဟုတ်ဘူး

ဒါဏ်ရာတွေ ဘောင်ဗင်ခတ်လို့ ကျလာတဲ့

မျက်ရည်မိုးတွေ…

 

အဲဒီအတွက် 

မှန်လား မှားလား မဝေခွဲ ချင်ဘူး

ရင်ခွင်က သံသယ ကင်းပါတယ်လေ..

 

ဘာဖြစ်ဖြစ်

တဖြုတ်ဖြုတ် ကြွေကျခဲ့တဲ့ အလွမ်းတွေ

ပြန်ကောက်ရင်းနဲ့

ငါဆက်လျောက်ချင်သေးတယ်..

 

အိပ်မက်တွေကိုလည်း  အိပ်စက်ခွင့် မပေးချင်ဘူး

ငါမရပ်တန်းနိုင်သေးပါဘူး…

In: ကဗျာ Posted By: Date: Nov 4, 2011
Comment #1

tay char p.
chit ya me thu shi nay p.

commentinfo By: ei lay at Nov 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment