Professional Authors

အမည်ပေးမထား

………………………....
အမည်ပေးမထား
………………………….

ငါမသေဘူး

နောက်ကျောကိုဓါးနဲ့ အထိုးခံရရုံလေး…

ငါမနာဘူး

ပန်းသီးလို
ပါးပါးလေးအလှီးခံခဲ့ရရုံလေး….

မင်းရဲ့
ပန်းနုရောင်ဆိုးထားတဲ့
နှုတ်ခမ်းတွေအောက်က
ဖွေးဖွေးဖြူနေတဲ့
မုတ်ဆိတ်ဓါ်းသွားကို ငါမြင်တယ်…

ဘယ်လောက်သနားစရာကောင်းခဲ့ပါသလဲ.

ငါက..
ဘယ်ကြောင်မှ
မခုတ်ချင်တဲ့ ၁၉ရာစုက
ဆက်ရက်တောင်ပံကျိုးလေးပါကွယ်…

ခုလောက်ဆို
ဘယ်ကျားမှဥပုဒ်မစောင့်ဘူးဆိုတာလည်း
မင်းသိလောက်ရောပေါ့…

(ခွင့်လွှတ်ပါ ..ဒါမျိုးစကားတွေ သိပ်မသုံးချင်ပါ…မင်းသင်ပေးခဲ့တာပဲ..)

ပြီးခဲ့ပါပြီ…

ပြန်ပြောဖို့မလိုတော့လောက်အောင်ကို
ပြီးခဲ့ပါပြီ…

In: ကဗျာ Posted By: Date: Feb 5, 2013
Comment #1

(ခွင့်လွှတ်ပါ ..ဒါမျိုးစကားတွေ သိပ်မသုံးချင်ပါ…မင်းသင်ပေးခဲ့တာပဲ..)
ပြီးခဲ့ပါပြီ…

ပြန်ပြောဖို့မလိုတော့လောက်အောင်ကို
ပြီးခဲ့ပါပြီ……..
like…အရမ်းကြိုက်..။

commentinfo By: waiyan at Feb 5, 2013
Comment #2

tate narr ma le bu.
he.he.
phat loh dot a yann kaung de.

commentinfo By: ei lay at Feb 5, 2013
Comment #3

ဖတ်လို့ကောင်းပါတယ်ဆိုလို့ဝမ်းသာပါတယ်…
အားလုံးကိုလည်းကျေးဇူးတင်ပါတယ်…

commentinfo By: kyawsanoo at Feb 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment