Professional Authors

ည(၁၃)

ညနက်နက်ထဲက အသံတွေ

ဖမ်းယူလို့ မရလို့

အောက်တိုဘာမှာ ငါတွေ့ချင်တဲ့

နှင်းကို ရှာလို့ မတွေ့သေးဘူး

ပြီးခဲ့တဲ့ အတိတ်တွေက တားမရလို့

ဘာမှမမြင်ရတဲ့ ဒီညလမ်းတွေမှာ

တစ်ခါတစ်လေတော့…

လေညှင်းခံ ဖြစ်တယ် …

စီးကရက် သောက်ဖြစ်တယ် …

လေးကလေး ချွန်မိတယ် …

အမှောင်ကိုမှ ခုန်မင်ရတယ်လို့

စိတ်ပေါက်ပေါက်နဲ့

ကော်ဖီ တစ်ခွက်လဲ သောက်မိနေသေးတယ်..

ဒုက္ခနဲ့ ပက်ပင်းတိုးလို့မှ ရလာတဲ့

ဘ၀ အမြင်တွေက

အသက်ရှူမ၀ သလိုပဲ

ငါ ပြတင်းပေါက် ထဖွင့်မိခဲ့တယ်..

ရောဂါရင့်တဲ့ လူနာတစ်ယောက်လို

တုန်တုန်ချိချိနဲ့ လေတ၀ကြီး ရှူပစ်လိုက်တယ်..

မနက်ကျရင်  အလုပ်အတွက် ရပ်တည်

ငါ့မနက်ဖြန်အတွက် မင်းကို သတိရဖို့ ရပ်တည်နဲ့

ညတံခါး ဒီနေ့ စောစောပိတ်ပစ်မယ်..

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

ညနက်နက်ထဲက အသံတွေ

ဖမ်းယူလို့ မရလို့

အောက်တိုဘာမှာ ငါတွေ့ချင်တဲ့

နှင်းကို ရှာလို့ မတွေ့သေးဘူး

commentinfo By: May Kha at Nov 1, 2011
Comment #2

nice

commentinfo By: ei lay at Nov 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment