Professional Authors

ရေခြားမြေခြားအလွမ်း

အထီးကျန်ဆန်နေရပေမယ့်
အပြီးပြန်မလာနိုင်တဲ့ ချစ်ရသူရေ
ရေးခြားမြေခြားမှာ မနေမနားလှုပ်ရှားနေတဲ့ဘ၀ထဲ
မင်းနေသားတော့ကျလောက်ပါပြီကွယ်
မင်းက …………………..
ထားရစ်ခဲ့တာမဟုတ်သလို
ငါက …………………….
တားခွင့်တောင်မပိုင်ခဲ့သူမို့
ကမ်းလင့်လို့မျှော်တောင်မမျှော်ရက်နိုင်ဘူး
လမ်းသင့်ရာဗေဒါတော မျောချင်ရာမျောပါစေ
အစုန်အဆန်စီးကာမျောပေမယ့်
ဗေဒါလိုမာန်မခဲနိုင်ဘူး
လွမ်းလှိုင်းသင့်ဝေ
ဖြေသော်လည်းမပြေ
ဝေနေသည်ဒီအလွမ်း
လွမ်းချင်တိုင်းလွမ်း
လွမ်းနေခဲ့ရပေါ့ကွယ် ။                  ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Jan 1, 2013
Comment #1

ပြန်လာမှာပါ..အားပေးလျှက်..

commentinfo By: kyawnainglin174 at Jan 1, 2013
Comment #2

ဟုတ်ပါတယ် သူပြန်လာမှာပါ
ကဗျာဆရာတစ်ယောက် လျှော့လွမ်းနိုင်ပါစေ
ဒါပေမဲ့ လည်း ပိုလွမ်းနိုင်ပါစေ

commentinfo By: maypyo22889 at Jan 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment