Professional Authors

အလိုရှိသည်….။

တယောက်တည်းရှိနေတဲ့အချိန်တွေမှာ
ကိုယ့်ကိုပျော်ရွှင်စေတဲ့သူ
အားငယ်နေတဲ့အချိန်တွေမှာ
အားပေးတဲ့သူ
စိတ်ရှုပ်နေတဲ့အချိန်တွေမှာ
အလိုက်တသိနဲ့ ငြိမ်သက်တိတ်ဆိတ်ပေးတဲ့သူ
နားမလည်တဲ့အရာတွေကို
စိတ်ရှည်ရှည်နဲ့ပြောပြပေးတဲ့သူ
မတူညီတဲ့အချက်တွေကို
ညှိညှိနှိုင်းနှိုင်းဖြေရှင်းပေးနိုင်တဲ့သူ
အဲလိုလူမျိုးကို
ချစ်သူ လို့ခေါ်တယ်ဆိုရင်တော့
ချစ်သူ တယောက်လောက်လိုချင်သား……..။                ။

In: ကဗျာ Posted By: Date: Feb 4, 2013
Comment #1

🙂
Nice idea.

Ei ka dot REASON ma pyaw tat bu.
REASONS le ma shi bu.
Thu phyit nay loh ko chit Dar.
He..he..
😛

commentinfo By: ei lay at Feb 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment