Professional Authors

လူနာ…

အမြင်အာရုံကို တွန်းတင်လိုက်တော့

ငါ့စိတ်ကူးစိတ်သန်းတွေ

ကမ္ဘာမြေတစ်ဖက်ကို ခရီးထွက်သွားတယ်

အဲဒီမျက်နှာကျက်ထောင့်က

ပင့်ကူအိမ်ထဲ

ဘယ်သူမျှော်လင့်ချက်တွေ

လာလာထည့်သွားပါလိမ့်

စောင့်ရဦးမယ်

ညနေဆို အလွမ်းတွေကို

ရေတွက်ဖို့ ကောင်းကင်တစ်ခုလုံး

ငါ့ကိုဆွဲထုတ်သွားတဲ့အထိ….

ဒီလိုနဲ့ 

အခန်းအိုထဲက

စားကြွင်းစားကျန်နဲ့ ရှိုက်သံ

သူတို့ အတွက်

မနက်ဖြန်တိုင်းဟာ

ကုထုံးအသစ်ပေါ့…။ ။

(ရင်ခတ်လူ)

In: ကဗျာ Posted By: Date: Feb 2, 2013
Comment #1

Match both title & poem.
Really admire the poets.

commentinfo By: ei lay at Feb 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment