ဟေမာန်ဆောင်းနှင့်အလွမ်းသည်
နှင်းပွင့်ဖွေးဖြူ တလူလူဝဲ
တဖွဲဖွဲကြွေ ဆင်းလေမြေခ
တွေ့ရသူငါ နှလုံးမှာဖြင့်
ကစဥ့်ကလျား စိတ်ထွေပြားကာ
ဝေဒနာတွေ ရင်မှာဝေ၍
စွေ့စွေ့ခုန်လျက် အနေခက်မို့
အော်လို့ပင်လျှင်ငိုချင်မိ…
ဝေးလွင့်ခဲ့သူ ဖြေဆည်ကူရန်
မဟန်နိုင်ပါ မြင်လေရာက
မြူမှတစ်ပါး မရှိငြားမို့
စိတ်လွှဲဖို့ရေး ကံမပေးသာ
တွေ့ကာနေဆဲ မျက်ဝန်းထဲဖြင့်
ခင့်ပုံရိပ်များ လွှမ်းခြုံထား၏
အတိရင်မှာလွမ်းပါလျက်…
မှေးစက်ခ်ျိန်တန် သန်းခေါင်ယံလည်း
အချမ်းကဲလှ အေးပေစွမို့
အိမ်မက်တို့မှာ ခြောက်ချားပါလှ
တွေးကရင်ဆူ စိတ်ထဲပူမိ
ခင်၏စိတ်များပြောင်းမည်လား…
ငွေနှင်းကဖြူ မြူလဲထူမို့
လွမ်းလို့တမ်းတ နေခက်လှ၏
ပူမိသည်သာ မေ့သွားမှာလဲ
စိတ်ထဲတွေးက မွန်းကြပ်လှ၏
မချိရင်မှာ ခံခက်တာမို့
တစ်မြို့လုံးသာ ကြားရပါအောင်
မောင်ကြီးအော်ငိုလိုက်လိုပါ့လေး…
ချိုဦးဝေ(၂၈.၁.၂၀၁၃)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Oh,,,kwat ti be.
Same feeling
😛