Professional Authors

ဆောင်းအိမ်မက်


ငွေနှင်းငယ်ဖြူ မြူဝေကာဆိုင်း
ရှစ်ခွင်တိုင်းမှာ လေဝှေ့ကာပြေး
အေးမြပါလှ အလွမ်းကကူ
ညည်းညူမိဆဲ ကဲဆင့်လို့နော်
တစ်ပူပေါ်ဖြင့် နှစ်ပူဆင့်တော့
ဖြေမလျှော့နိုင် စိတ်မခိုင်မို့
စိတ်လေလို့ယိုင် မီးလှိုင်လှိုင်မွှေး
စောင်ခြုံကွေးလဲ သည်းခြေထဲခိုက်
လှိုက်တုန်လျက်သာ ချမ်းနေပါဆဲ
တစ်ကိုယ်တည်းဆောင်း ကြာညောင်းလွန်မို့
ဖြတ်လို့ကျော်ရန် မဟန်ပါကွယ်
မယ်နဲ့မောင်ကူ တူရှိပါမှ
ဖြေဆည်ရမည် မှန်လှသည်မို့
လှမ်းလို့ရယ်ကွယ် လာပါ့မယ်နော်
မယ်ကခေါ်ကာ ကြိုမှာလား…
သက်ထားနားမှာ မောင်နေကာလေ
ဟေမန်နှင်းချီ ဆောင်းရာသီကို
တူညီလှမ်းလို့ဖြတ်လိုလှ…

ချိုဦးဝေ(၁၁.၁.၂၀၁၃)

In: ကဗျာ Posted By: Date: Jan 31, 2013
Comment #1

Wow
get encouragement

commentinfo By: ei lay at Jan 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment