Professional Authors

လူနှင့်အလွမ်း

-တစ်နေကုန်
မင်းစိတ်နဲ့ လုံးထွေးရင်း
နေမင်းရဲ့
အိမ်အပြန်ကို
လိုက်မပို့မိဘူး။…..။

-ရင်နဲ့
မဆံ့တဲ့
အလွမ်းတို့ကို
အိမ်မက်ဖို့
ငါ………..မအိပ်ရဲသေးဘူး။…..။

-နှစ်ဦးသားအချစ်တို့
ချိန်းဆိုခဲ့တဲ့
“ဆုံမှတ်” တစ်နေရာကို
ရောက်ရှိဖို့
ငါမပျက်ကွက်ခဲ့ဘူး။…..။

-မရောက်ရှိလာသူ
မင်းအတွက်
“ကျိန်စာ နိဒါန်း”ကိုလည်း
ဒီလူ့ရင်ထဲ
မပျိုးရက်ခဲ့ပါဘူးကွာ။…..။ (ရိန်မင်း)

In: ကဗျာ Posted By: Date: May 14, 2010
Comment #1

thank you ဗျာ။
ခုလို ဝေဖန် ပေးလို့ ကျေးဇူးပဲ။
နောက်လည်းဝေဖန် ပေးပါဦး ခင်ဗျာ။

commentinfo By: Reinminn at May 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment