Professional Authors

ဥပေက္ခာ

မင်းကိုရည်စူးပြီး ရေးတဲ့ကဗျာ
မင်း မဖတ်ရတော့တာ ၀မ်းသာတယ်
ချစ်စလည်း မရှည်ပါစေနဲ့တော့
မုန်းစလည်း မရှည်ပါစေနဲ့တော့။

ချစ်ခဲ့သူကို မုန်းရတာ
ပင်ပန်းလွန်းလို့ပါ။

အရှုံးကို ဘယ်လိုပဲ စာလုံးပေါင်းပေါင်း
အရှုံးပါပဲကွယ်
မမုန်းလို့ မဖြစ်လို့ မုန်းရတာ
အရှုံးကို ချစ်လို့မှမဟုတ်ပဲ
နောက်ဆုံးအထိ ပြုံးဖို့တော့ ကြိုးစားခဲ့ပါသေးတယ်
မပြုံးတော့နိုင်တာတောင်မှပေါ့။

သူ့အတိုင်းလေး ထားလိုက်ရတာပါပဲ
အိပ်မက်မမက်ရင် အဆင်ပြေပါတယ်။

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

phat shu twar par de

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment