Professional Authors

ဘ၀ခါးတဲ့ကဗျာသမား

ကဗျာသမားဘ၀ဆိုတာ တစ်ဘ၀စာတစ်ခါးမှားတဲ့သူမို့
ပ၀ါမကူရေမရှုစတမ်းပါပဲ ကဗျာဒီရေတွေအတက်ကြမ်းခဲ့ရပေါ့
သိပ်တော့လည်းအရေးမကြီးပါဘူးလေ တခုတ်တရနဲ့ဆိုဖွဲ့ခဲ့ပေမယ့်
အမေ့လျော့ခံကဗျာသမားဘ၀ ကြာကြာမ၀ါးပဲခါးမှန်းသိနိုင်ငဲ့
ဖွင့်ဆိုရှင်းပြစကားအလင်္ကာတန်ဆာဆင်မထားတဲ့ဘ၀မှာ
မကြားချင်လည်းကြား မထားချင်လည်းထားခဲ့ရပေါ့
တိုးတိတ်တိတ်ငိုသံတွေရဲ့အဝေး ခပ်ဆွေးဆွေးပဲနေတတ်ခဲ့
တစ်ပွင့်ကြွေ တစ်ပွင့်ဖူး လရိပ်ကယ်မူးမူးမှာ
အေးချမ်းကြည်လင် မှေးမှိတ်ကာဝင်ခဲ့လေရင်း
ဆုံတွေ့ကြည်နှုးလမင်းတို့မူးတဲ့အခိုက်မှာ
ငါ့ရဲ့ကဗျာတောင်ပံခတ်သံဟာ အကျယ်လောင်ဆုံးဖြစ်လာခဲ့ရ
ဒဏ်ရာတွေနဲ့ညနက်နက်ထဲမှာ ကိုယ့်ရင်ဘတ်ကိုပြန်တူးဆွရင်း
စကားလုံးတွေဖြစ်တည်စေခဲ့ရ
ကြယ်တွေနဲ့စကားတွေပြောရင်း လမင်းကိုရင်မောစေခဲ့
စိတ်ကူးရောင်စုံတွေထဲမှာ လွင့်မျောကာစိတ်တွေလွှင့်ရင်း
ညများကိုလင်းစေခဲ့ပေါ့
ရာသီတိုင်းပါပဲလေ ပြာရီမှိုင်းနေတဲ့စိတ်တွေက
တစ်နာရီမဆိုင်းပါပဲ ကဗျာနရီလှိုင်းတွေကြားမှာနေပျာ်ခဲ့
ကြာနီတွေပွင့်ချင်မှလည်းပွင့်မှာပေါ့လေ
ဒါပေမယ် ရေ၀တီမ ရေ….နင်သိထားရမှာက
ငါ ရင်ပွင့်သမျှဟာ ကဗျာချစ်ခြင်းကြောင့်ပါပဲ
အခါမလင့် ကဗျာပွင့်တွေဝေစေတော့ရယ် ။                ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Jan 28, 2013
Comment #1

The best in choice of words.
🙂

commentinfo By: ei lay at Jan 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment