Professional Authors

အံဝှက်

အလှပတရား. . . 

 

မျက်ဝန်းနဲ့ ဖလင်ခန်းတွေ မဲ့သွား

 

စကတည်းက အိပ်ရေးပျက်ထားတဲ့လမ်းပါ

 

တိမ်ညိုလေးထဲ မိုးစက်တွေလင်းပွင့်အောင်

ရင်နဲ့သွေးခဲ့ရတဲ့အဖြစ်ပေါ့

ဒီခါ နောက်ဆုံးပဲဖြစ်မှာပါ

 

လွန်သွားတဲ့ခရီးလို့ပဲဆိုမလား

ငါက တံလျှပ်တွေနဲ့ ခြောက်ခြောက်ခြားခြား

အပူရောင်ကြီးထဲက တစ္ဆေလို့ပဲ ပြောခဲ့ရမလား

 

တိမ်ညိုလေးရေ

နောက်ဆုံးမိုးရေစက်တွေနဲ့တကွ

မင့်ကို အံဝှက်ထဲသိမ်းခဲ့မယ်

                                       စုန်းပြူး

In: ကဗျာ Posted By: Date: Jan 25, 2013
Comment #1

နောက်ဆုံး…ဆိုတာ…

commentinfo By: sofarawayfromyou at Jan 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment