Professional Authors

ပြက္ခဒိန် မီးခိုးများ

ညဟာ မီးတောက်ရဲရဲတွေထဲ ဝင်ခွေနေတဲ့ တစ္ဆေတစ်ကောင်

လူ့အရိုးတွေ အစီအရီ ချုပ်ထားတာ သမိုင်း

လင်ကောင်မပေါ်ပဲ လမ်းပေါ်လျောက်သွားနေတဲ့ စာနာခြင်းတရား

လရောင်တွေ အရိုးနင်ပြီး သွက်သွက်ခါ

၂၁ ရာစုမှာ ချစ်ခြင်းဟာ ဖာဆန်လာခဲ့

ခေတ်ကို အော်ဆဲဖို့ အလောင်းကောင်တွေ မတ်တပ်ထရပ်တော့မလိုပဲ

လျှာအရင်းမှာ သံကောက်နဲ့ချိတ်ပြီး တွဲလောင်းချခံထားတဲ့ အိပ်မက်

အသံထွက်ညံ့ ရှော့ခ် ခဏခဏ တိုက်ခံနေရတာမျိုး

စစ်ဟာ ဖိနပ်ပဲ မင်းက စီးမှသွားတယ်

ဒီကောင်က တစ်ကမ္ဘာလုံးရောက်ခဲ့

အမှန်တရားပန်းကန်မှာ သန္ဓေပါအောင် ခုတ်ထစ်ထားတဲ့ အနိစ္စများ

သွေးစိမ်းညှိနံ့ ဝင်ပူးတဲ့ နာမ်စား ခရီးရှည်ဆဲ ဝါကျ

ငါ့ မျက်လုံးမှာ စိုက်ဝင်နေတဲ့ မှန်စ

ငါ့ကို လာသင့်နေတဲ့ ကျိန်စာ

မျှားချိတ်သည် စိတ်ကို မျှား၏

ကဗျာသည် နာကျင်မှုဖြင့် မောင်းနှင်၏

ကော်ဖီအိုးထဲ ခမ်းတဲ့အထိ နှပ်ခဲ့သည်

နွေ နှင့် တောက်တောက်ကြော်ထားသော နှင်းစာတစ်ခွက်ရပါပြီ

 

စုန်းပြူး

 

In: ကဗျာ Posted By: Date: May 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment