Professional Authors

စိတ်ခွံ

နေအညိုရင့်ရင့်ထဲက ဆာလောင်ခြင်းတွေ

ပြက္ခဒိန်အဟောင်းရဲ့ ကိုက်ခဲမှု နှစ်သစ်များ

ဘယ်သူလဲ

ရူးသွပ်ပစ်ချင်စိတ်ကို နှုန်းမြန်မြန်နဲ့ ရိုက်ထည့်လိုက်တာ

သွေးကိုဖောက်ထုတ်ဖို့ နှလုံးသားပေါ်တက်ခဲ့

အသုံးမကျလိုက်ပုံများ

ဦးနှောက်ထဲ အလင်းဟာ ခမ်းခြောက်ဆဲ

– အောာက်ဆီဂျင် အပိုင်းအစတွေ –

ဘာသာပြန်ဖို့ ခဲယဉ်းတဲ့ အသက်ကို

မနည်းလုရှူထားရတဲ့

ရှင်တယ်ဆိုရုံ ခပ်မှိန်မှိန်လေး တောက်နေတဲ့

က ဗျာ

 

စုန်းပြူး

 

In: ကဗျာ Posted By: Date: Feb 26, 2012
Comment #1

စိတ္တဇ ဆန်စွာဖြင့်…. စီးမျောကြည့်ပြီးဖတ်ကြည့်ခဲ့ပါ၏။ ကြိုက်၏။ ရသတစ်မျိုးလေးပါ။

commentinfo By: moezat at Feb 26, 2012
Comment #2

ကျေးဇူးပါ ဒဿကို အရမ်းကြိုက်တဲ့ သူမို့ပါ…..

commentinfo By: sone.pyuu at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment