Professional Authors

အကြွေစောတဲ့ ….. နှင်းဆီ ငယ်

အပြုံးနုတွေနဲ့ သာယာနေတတ်တဲ့
အဖြူထည် ကောင်မလေးရေ …

သန့်ရှင်းခြင်း ဘ၀သစ်အတွက်
လူတွေရဲ့ အကြည့်ရိုင်းတွေကို
ခဏလောက် သည်းခံနေလိုက်ပါ …

အတိတ်က အရိပ်မည်းတွေကြား
ယိမ်းနွဲ့စွာ ကူးခတ်
မှော်ဝင်အိပ်မက်ဆိုးတွေ
မျောလွင့်ပျောက်ဆုံး
တစ်နေ့နေ့တော့
ကြယ်ရောင်စုံတွေ ဖူးပွင့်လာမှာပါ …

တကယ်တော့ … ငါဟာ
မချစ်သင့်တဲ့ နှလုံးသားကို
ကြင်နာစွာ ရှူရှိုက်
ကောင်းကင် အကြွေကောက်မယ့်
ရူးမိုက်မိုက် လူတစ်ယောက်ပါကွယ် … … ။

Zero Boyz >>>> zeroboyz123@gmail <<<<

In: ကဗျာ Posted By: Date: Jan 18, 2012
Comment #1

မချစ်သင့်တဲ့ နှလုံးသားကို
ကြင်နာစွာ ရှူရှိုက်
ကောင်းကင် အကြွေကောက်မယ့်
ရူးမိုက်မိုက် လူတစ်ယောက်ပါကွယ် … …
ကျွန်တော် အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 18, 2012
Comment #2

တကယ်တော့ … ငါဟာ
မချစ်သင့်တဲ့ နှလုံးသားကို
ကြင်နာစွာ ရှူရှိုက်
ကောင်းကင် အကြွေကောက်မယ့်
ရူးမိုက်မိုက် လူတစ်ယောက်ပါကွယ် … …

commentinfo By: May Kha at Jan 18, 2012
Comment #3

အတိတ်က အရိပ်မည်းတွေကြား
ယိမ်းနွဲ့စွာ ကူးခတ်
မှော်ဝင်အိပ်မက်ဆိုးတွေ
မျောလွင့်ပျောက်ဆုံး
တစ်နေ့နေ့တော့
ကြယ်ရောင်စုံတွေ ဖူးပွင့်လာမှာပါ …

commentinfo By: zawthetoo at Jan 18, 2012
Comment #4

thu ka ma shi dot loh lar hin?

commentinfo By: ei lay at Jan 18, 2012
Comment #5

ခေါင်းစဉ်နဲ့ကဗျာ အတော်ကွဲလွဲတာပဲနော်
ဆိုလိုတာကို မထိရောက်ဘူး….
ကောင်မလေးဟာ သေသွားတာလား
ကွဲသွားတာလား မသိရဘူး

commentinfo By: ရွှေကြယ်မိုး at Jan 18, 2012
Comment #6

ကဗျာထဲက ကောင်မလေးက မသေပါဘူး … အကြွေစောတယ်ဆိုတာက အရွယ်မတိုင်ခင် သူ့ရဲ့ အပျိုစင်ဘ၀ကို ပေးဆပ်လိုက်ရတယ်ဗျာ …… ဒါပေမယ့် သူ့နှလုံးသားက ဖြူစင်တယ်ပေါ့ … လောကကို ရဲရဲရင့်ရင့် ရင်ဆိုင်သွားဖို့နဲ့ … မချစ်သင့်တဲ့ ကောင်မလေးကို ချစ်မိသွားတဲ့ အကြောင်းကို ခံစားပြီးရေးထားတာပါ ….

commentinfo By: Zero Boyz at Jan 19, 2012
Comment #7

aww…
d lo lar?

commentinfo By: ei lay at Jan 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment