Professional Authors

ရည်းစားစာ – ၅

နင့်ကိုငါချစ်တယ်

အဲလိုပြောပြောပြီး ရက်စွဲတွေ လည်လာလိုက်တာ မိုးတွေတောင်ခြိမ်းလို့ 
ဘယ်ရာသီရောက်နေသလည်းတောင် ငါမေ့လျော့နေမိတယ်
ငါသတိထားမိသမျှ နင့် ဘ၀ အရတော့လူလို့ သတ်မှတ်ချင်စရာကောင်းလွန်းနေရဲ့
ဒါပေမယ့်နင်သိတဲ့အတိုင်း ၁၂ရာသီလုံးနင်ရှိထားတဲ့ဒီရင်ဘတ်အတွက်တော့
အဆိပ်မိထားတဲ့ မင်းသမီးလေးလို နင့်ကို ၁၂ကြိုးကဝေလို့  အသေမှတ်ထားတုန်းပဲ
ငါသွားမယ့် မြေခြား အကြောင်းလည်း အရေးမကြီး နင်နေတဲ့ နယ်ခြားအကြောင်းလည်း အရေးမကြီး
အထူးထူးအထွေထွေ တိုင်းတိုင်းကြည့်နေရတဲ့ နင့်ရင်ထဲက ငါ့အတွက်အချစ်ပမာဏကသာအရေးကြီးနေခဲ့
အနားရှိရင်တောင် ပေါက်ကရပေါင်းစုံ ကျွမ်းကျင်တဲ့ နင့်အကြောင်း ငါက သိပ်သိသမို့  နင် ကြိတ်ကြည့်နေမယ့်
ကောင်မလေးတွေကိုလည်း ငါက ဓားထမ်းလို့ သတ်ပြစ်ချင်သေးရဲ့ ဘယ်လောက်တောာင်စိတ်ကစွဲသလည်းဆို
ယောင်ယမ်းလို့  ထ ညည်းမိတဲ့သီချင်းတောင် ” နင့်အနားမှာဝဲတဲ့ ပြိတ္တာများလည်း ငါသိပ်ကိုမုန်းလို့ ” တဲ့လေ

နဂိုကတည်းက အချစ်ပါးဝ လို့  လက်ဇောင်းထက်နေတဲ့ နင့် မျက်စောင်းလေးတွေက
ငါ့ရင်ခွင်ကို ထိုးစိုက်အနိုင်ကျင့်နေကြ မို့  ဒီလိုအကြောင်းတွေ နင်ကြားအောင် ငါမပြောဘူး စိတ်ချ . ။

နင်က ငါ့ကို “ချစ်သေးလားလို့ ” မေးရင် “တိဝူး” လို့ ပဲ အံကြိတ်ဖြေဦးမယ့် သူ ၊
နင်သာငါ့ဘ၀မှာရှိမလာခဲ့ဘူးဆိုတယူသန်စွဲတွေနဲ့ လမ်းလွဲနေမယ့် မိန်းမစိုးလေးဟာ ငါပါ 
အနာဂတ်တွေ ယိမ်းထိုးမသွားရအောင် နင်ကအချစ်တွေနဲ့ထိန်းချုပ်ထားပေးပေါ့
ပြောလို့ ပြောတာမဟုတ်ဘူး ငါကြိုက်တာတွေ တခုမှမရှိတဲ့ နင့်အကျင့်နင့်အမူအရာ
နင့် မျက်နှာဘေးတွေက ငါ့စိတ်ကို အဆုံးထိ ညှို့ယူလို့  ဖမ်းဆုပ်ထားနိုင်ခဲ့တာ
ငါ့မှာ ခုထိ ယုံဖို့ ခက်ခဲနေတုန်း ၊ ဟုတ်ဟုတ်မဟုတ်ဟုတ် နင့်ကိုချစ်ပြီးနောက်ပိုင်း
တရားသေ အလွတ်ကျက်ထားလိုက်မိတဲ့အရာ က နင့်မျက်နှာထက်ကအပြုံးချိုလေး
(ပြောသာပြောရတာ သိပ်တော့မလှဘူး)
ဘာပဲဖြစ်ဖြစ်ပါ သေချာတာက နင်ဆိုတာ ငါ့စိတ်နှလုံးကို စိတ်ကြိုက် သုံးစွဲစေခိုင်းဖို့ 
ဘုရားသခင် ဖန်တီးထားတဲ့အလှပဆုံး ဗရုတ်သုတ်ခ ကောင်လေးတယောက် ။
နင်ရောက်လာကတည်းက နက္ခတ်တွေ တိမ်းမှောက်ခဲ့တာငါ့မှာ ခုချိန်ထိ
အလွမ်းဇာတ်ထဲမှာ မပင်ပန်းနိုင်ပဲ တပင်တိုင် က နေမိဆဲ ၊
အချစ်ဟာမှော်ကဝေအတတ်မျိုးလို့ ငါ့စိတ်မှာ စွဲထင်မှတ်နေလေရဲ့
ဘာ့ကြောင့်လည်းဆိုရင် ငါအကြောက်ဆုံး ပင့်ကူဆိုတဲ့ကောင်တောင်
နင့်အမုန်းလောက်ကြောက်စရာမကောင်းတော့သလို နင်မငြိုငြင်အောင်
နည်းမျိုးစုံသုံးပြီး နင့်အချစ်တွေကို လုယူနေရတုန်း မို့ 
လူကြီးသူမတွေပြောခဲ့ကြတဲ့ အချိန်ကလည်း တကယ်တမ်းကျ
ငါ့ကို မကုစားနိုင်ဘူး နင်ပြုစားထားတဲ့ နှလုံးသားအဆိပ်က  ခုထိ အဖျားတက်နေသေးတယ်လေ။

နင့်ကို တခုပဲ ငါသိစေချင်ပါတယ်

ငါ့လို နင့်ကို ဘယ် သူစိမ်းမိန်းမသားမျိုးကမှချစ်နိုင်မှာမဟုတ်ဘူးဆိုတာ ပဲ ။

အထွန့်တတ် ဆရာကြီး လုပ်ချင်လွန်းတဲ့ နင်အကျင့်အတွက် သက်သေပြရကြေးဆို
ရော့!! အဲ့ဒီမှာ ဓားတလက် ငါ့ရင်ကို ခွဲထုတ်လို့  နှလုံးသားမျက်နှာပြင်ကို မြင်ကြည့်လိုက်ပါ
နင့်မျက်နှာတော်လေးအဖြစ် အသွင်ပြောင်းလို့  တဒိတ်ဒိတ် ခုန် နေတာကိုတွေ့ရမှာ … ယုံပါ။

In: ကဗျာ Posted By: Date: Jun 5, 2013
Comment #1

အရမ်းသ​ဘောကျပါသည်​။ :):):):):)

commentinfo By: မာန်​ခက်​ဝင့်​ at Jun 5, 2013
Comment #2

ငါ့ရင်ကို ခွဲထုတ်လို့  နှလုံးသားမျက်နှာပြင်ကို မြင်ကြည့်လိုက်ပါ
နင့်မျက်နှာတော်လေးအဖြစ် အသွင်ပြောင်းလို့  တဒိတ်ဒိတ် ခုန် နေတာကိုတွေ့ရမှာ…..
…………………………………………………………
ကောင်းလိုက်တဲ့ ရိုက်ချက်ပဲ
အားပေးသွားပါတယ်နော်

commentinfo By: နွေ at Jun 5, 2013
Comment #3

နင့်ကို တခုပဲ ငါသိစေချင်ပါတယ်
ငါ့လို နင့်ကို ဘယ် သူစိမ်းမိန်းမသားမျိုးကမှချစ်နိုင်မှာမဟုတ်ဘူးဆိုတာ ပဲ ။

အားပေးသွားတယ် မိုးရေ
ရမ်းကြိုက်ပဲ

commentinfo By: ကေသရီ at Jun 5, 2013
Comment #4

သေလို့ရပြီ
သေလို့ရပြီ
မမိုးဒီလောက် တော် တာ အဲ့အကို တော့ အပြတ်အသတ် ကြီးး ကြွေ နေမှာပဲ။
🙂
အရမ်းမိုက်တယ် ideas တွေလုံးဝ လိုက်မမှီဘူး ကွာ။

အရမ်း ချော နေ ရင် အရမ်းလှနေရင် အိကတော့ လုံးးမကြိုက် ။
ကိုယ်တယောက်တည်း မူပိုင် မရပဲ အများသုံးး ကြီး ဖြစ် ရော။
😛

သူ့ ကို ချစ်ချင် လို့ ကိုချစ် ပစ် လိုက် တာ။
သူ့ဘာ သူ ဘာ ဖစ်နေ

commentinfo By: ei lay at Jun 6, 2013
Comment #5

သေလို့ရပြီ
သေလို့ရပြီ
မမိုးဒီလောက် တော် တာ အဲ့အကို တော့ အပြတ်အသတ် ကြီးး ကြွေ နေမှာပဲ။
🙂
အရမ်းမိုက်တယ် ideas တွေလုံးဝ လိုက်မမှီဘူး ကွာ။

အရမ်း ချော နေ ရင် အရမ်းလှနေရင် အိကတော့ လုံးးမကြိုက် ။
ကိုယ်တယောက်တည်း မူပိုင် မရပဲ အများသုံးး ကြီး ဖြစ် ရော။
😛

သူ့ ကို ချစ်ချင် လို့ ကို ချ စ် ပစ် လိုက် တာ။
သူ့ဘာ သူ ဘာ င်္ကြီး ပဲ ဖြစ်နေ ဖြစ်နေ ကိုယ် က ဂ ရု မစိုက် ဘူး။
ချစ် ချင် လို့ ကို ချစ်တာ။
သူ ထြစ်နေလို့ ချစ် တာ

commentinfo By: ei lay at Jun 6, 2013
Comment #6

သူ ဖြစ် နေ လို့ ချစ် တာ။
ရှင်းရှင်းလေးပဲ။

commentinfo By: ei lay at Jun 6, 2013
Comment #7

ခုတလောတော်တော်ဆွေးနေပုံပေါက်တယ်နော် 🙂

commentinfo By: moezat at Jun 6, 2013
Comment #8

ခံစားသွားးတယ်..၊ အားပေးသွားးတယ်..၊ မှတ်သားသွားးပါတယ်..၊

commentinfo By: zawthetoo at Jun 7, 2013
Comment #9

မမိုးဟေ့

commentinfo By: မေပျို at Jun 7, 2013
Comment #10

ကျေးဇူးတင်ပါတီ …ကျေးဇူးတင်ပါတီ…ကျေးဇူးတင်ပါတီ ချစ်မောင်နှမများ အားလုံး..

အာဘွား

commentinfo By: အသဲကွဲမိုး at Jun 8, 2013
Comment #11

nice…..nice…nice….nice!!!!!!

commentinfo By: shwezinmyatno at Jun 8, 2013
Comment #12

ကျွန်တော်က ကဗျာကြိုက်တယ်ဗျ ကိုယ်တိုင်လည်းရေးတယ်
ကောင်းဆုံးကဗျာ များ ရေးပေးပါလို့ဆန္ဒပြုချင်ပါတယ်

commentinfo By: aungkyawmoe at Jun 8, 2013
Comment #13

အားပေးပါတယ်။ ဆက်ရေးပေးပါဦး။

commentinfo By: ye htun at Jun 9, 2013
Comment #14

အစအဆုံး ရင်ဘတ်နဲ့ ထပ်တူခံစားသွားပါတယ်….။

အနားရှိရင်တောင် ပေါက်ကရပေါင်းစုံ ကျွမ်းကျင်တဲ့ နင့်အကြောင်း ငါက သိပ်သိသမို့  နင် ကြိတ်ကြည့်နေမယ့်
ကောင်မလေးတွေကိုလည်း ငါက ဓားထမ်းလို့ သတ်ပြစ်ချင်သေးရဲ့ ဘယ်လောက်တောာင်စိတ်ကစွဲသလည်းဆို
ယောင်ယမ်းလို့  ထ ညည်းမိတဲ့သီချင်းတောင် ” နင့်အနားမှာဝဲတဲ့ ပြိတ္တာများလည်း ငါသိပ်ကိုမုန်းလို့ ” တဲ့လေ
နင့်ကို တခုပဲ ငါသိစေချင်ပါတယ်

ငါ့လို နင့်ကို ဘယ် သူစိမ်းမိန်းမသားမျိုးကမှချစ်နိုင်မှာမဟုတ်ဘူးဆိုတာ ပဲ ။

အထွန့်တတ် ဆရာကြီး လုပ်ချင်လွန်းတဲ့ နင်အကျင့်အတွက် သက်သေပြရကြေးဆို
ရော့!! အဲ့ဒီမှာ ဓားတလက် ငါ့ရင်ကို ခွဲထုတ်လို့  နှလုံးသားမျက်နှာပြင်ကို မြင်ကြည့်လိုက်ပါ
နင့်မျက်နှာတော်လေးအဖြစ် အသွင်ပြောင်းလို့  တဒိတ်ဒိတ် ခုန် နေတာကိုတွေ့ရမှာ … ယုံပါ။

commentinfo By: yonlay at Jun 14, 2013
Comment #15

သတိတရ လာဖတ်​သွားပါသည်​။

commentinfo By: မာန်​ခက်​ဝင့်ဲ at Mar 5, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment