Professional Authors

ရတုအဆက်ဆက်

ကြယ်သို့တင်ရွှန်း လသို့ဝန်းကာ
သာကြည်ရွှင်ပျ ရှေ့သို့လားသည်
ထက်ပါင်းကုဋေ လေသို့ကြွေသား
မြလားအသွင် ပြာရီဆန်းဆင့်
နေသားပွင့်လို ပူတောက်ပွင့်ထူး
အာရုံမြူးသည် မပီဝိုးတ၀ါးမျှသာတည်း ။             ။

ထူးထယ်တောက်ရွှန်း ကြယ်တို့သွန်းလို
ဆန်းလှကြယ်ခေါင် လှိုင်းတိမ်တောင်လား စိတ်မှာပွားသည်
လှမ်းဆင့်ချူဆင်ခက်သားပြင်အား မှီတုနှိုင်းခမျှော်နေ့ညဆီ
ရောက်ရွယ်ရည်စူး မျှော်စိတ်ကူးသည်
ကြည်နူးအခါခါရှိဖွယ်သာတည့်
နေ့ည ရက်ဆက်တိုင်စေသော် ။               ။

ရည်စူးစိတ်သန် မျော်ရည်မှန်းဆက်
လမ်းထက်သိုကြွေ မြေသို့ခွေလည်း
ညောင်းရက်ကြာရှည် ဖြေသို့မပြေပဲ
တမ်းတမျှော်ရည် ရာသီအဆက်ဆက်
မပြောင်းဒီအခြေ ရွက်ဟောင်းကြွေလည်း
စောင့်နေမြဲသည် ကမ္ဘာတည်သို့တိုင်စေသော် ။            ။

တင်မျိုးနိုင်
      

In: ကဗျာ Posted By: Date: Jan 18, 2013
Comment #1

Excellent Choice of words & usages.
I admire a lot

commentinfo By: ei lay at Jan 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment