Professional Authors

လှည့်ပြန်ခဲ့

သီချင်းသံစဉ်တွေအောက်မှာ
မှုန်ဝါးဝါးနဲ့ ငါ
ခံစားနေတာ အလူးအလိမ့်ဘဲ
မသိရင်တော့ ငါဟာ
သီချင်းနှစ်သက်သူ။

ဖြစ်ရင်းအမှန်ရယ်
မသိပါတယ်
ငါကြေကွဲနေတယ်
ငိုနေတယ် ငါ့မျက်လုံးများမဟုတ်
အသည်းနှလုံးမှာ။

ခံစားနေရတဲ့ အတွင်းဒဏ်ရာ
ငါကုစားနေတာကြာခဲ့ပြီ
အချိန်ဆိုတဲ့ သမားတော်တောင်
လက်မြှောက်ချင်နေပြီ
အစွဲအလမ်းကြီးတတ်သူမို့ပါ။

ငယ်စဉ်မှာတော့အရူးအမူး
ကြီးလာတော့ အသည်းမှာတူးလို့
ခါးသက်သက်အရသာမှာ
ပျော်နေပြီငါ။

အသိတရားတွေကြောင့်
ဘဝမပျောက်ခဲ့ပေမယ့်
အရင်လိုချစ်နေတုန်းဘဲဆိုတာမင်းသိခဲ့ရင်
လှည့်ပြန်လာခဲ့ပါ။

In: ကဗျာ Posted By: Date: Mar 22, 2011
Comment #1

အသိတရားတွေကြောင့်
ဘဝမပျောက်ခဲ့ပေမယ့်
အရင်လိုချစ်နေတုန်းဘဲဆိုတာမင်းသိခဲ့ရင်
လှည့်ပြန်လာခဲ့ပါ။
မိုက်တယ်ဗျာ ဒီစာသားလေး…….။အရမ်းထိတယ်

commentinfo By: ကေသရီ at Mar 22, 2011
Comment #2

ကျေးဇူးနော် ကေသရီ

commentinfo By: ကေအက်(စ်)အို at Mar 22, 2011
Comment #3

အသိတရားတွေကြောင့်
ဘဝမပျောက်ခဲ့ပေမယ့်
အရင်လိုချစ်နေတုန်းဘဲဆိုတာမင်းသိခဲ့ရင်
လှည့်ပြန်လာခဲ့ပါ။

commentinfo By: အနီရောင်နှင်း at Mar 22, 2011
Comment #4

ငယ်စဉ်မှာတော့အရူးအမူး
ကြီးလာတော့ အသည်းမှာတူးလို့
ခါးသက်သက်အရသာမှာ
ပျော်နေပြီငါ။

အသိတရားတွေကြောင့်
ဘဝမပျောက်ခဲ့ပေမယ့်
အရင်လိုချစ်နေတုန်းဘဲဆိုတာမင်းသိခဲ့ရင်
လှည့်ပြန်လာခဲ့ပါ
…………………
ခိုက်တယ်..ကြိုက်လို့အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Mar 22, 2011
Comment #5

ကျေးဇူးနော် အသဲကွဲမိုးရော အနီရောင်နှင်းကော။ အရမ်းကိုကျေးဇူးပါ။

commentinfo By: ကေအက်(စ်)အို at Mar 22, 2011
Comment #6

ဖြစ်ရင်းအမှန်ရယ်
မသိပါတယ်
ငါကြေကွဲနေတယ်
ငိုနေတယ် ငါ့မျက်လုံးများမဟုတ်
အသည်းနှလုံးမှာ။
အားပေးသွားတယ်.. ကြိုက်တယ်

commentinfo By: genius.jinx28 at Mar 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment