Professional Authors

မိုးလင်းရုံလေး အိပ်တာပါ

ဇတ်မသိမ်းသေးတဲ့ နိဂုံးဆိုရင်လည်း
ကျမကိုယ်ကျမပဲ ချုပ်ငြိမ်းလိုက်ပါတယ်။

အရှုံးတွေနဲ့ ယဉ်ပါးလွန်းလာတော့လည်း
အရှုံးဆိုတဲ့ဂုဏ်ပုဒ်ကို မြတ်နိုးရရမှာပေါ့။

ဖြစ်ချင်တာတွေ မဖြစ်တော့လည်း
ဖြစ်သင့်တာတွေကို ကျမဖြစ်ခွင့်မပြုနိုင်ဘူးနော်။

မိုးလင်းရုံဆိုရင်တော့
ကျမ မျက်လုံးမှိတ်ပေးမှာပါ။
ဒါပေမယ့် …
မနက်ဖြန်ရောက်ဖို့သက်သက် မိုးချုပ်ပေးရတာဆိုရင်
ကျမဒီတစ်သက် ညမအိပ်တော့ဘူး။

နိဂုံးမချုပ်တတ်တဲ့ ဇတ်သိမ်းဆိုရင်လည်း
ကိုယ့်ကိုယ်ကိုပဲ စီရင်ချက်ချလိုက်ပါတယ်။ ။
“သတ်စေ…” လို့။ ။

In: ကဗျာ Posted By: Date: Jan 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment