Professional Authors

တုန့် ပြန်မှု၏ စတင်ခြင်း

လူတွေကပြောကြတယ်..

တစ်ခုခုကို သူတို့ မလုပ်နိုင်တော့ဘူးဆိုရင်

အသွားရှိမှ အပြန်ရှိမှာပေါ့တဲ့။

 

ဒါဆိုဘာလို့ သင်ကိုယ်တိုင်

စသွားဖို့ မကြိုးစားသလဲ။

 

လူတွေကပြောကြသေးတယ်..

သူကြင်မှ ကိုယ်ကြင်တဲ့

(သူပြုံးမှ ကိုယ်ပြုံး)

ဒါက မှန်ဥပမာပေါ့။

 

ဒါဆိုသူတို့ မေ့နေတာရှိတယ်

မှန်ထဲက ကိုယ့်အရိပ်ပြုံးဖို့ 

ကိုယ်က အရင်စပြုံးပြရတယ်

ဆိုတာကိုပေါ့။

 

ဒိတော့ တုန့် ပြန်မှုဆိုတာ

စတင်ခြင်းကနေ ပေါက်ဖွားလာတယ်။

 

In: ကဗျာ Posted By: Date: Jan 16, 2012
Comment #1

ofcourse,,
100% right.
some of my mottos r,,,,,
1. “u’ll get what u give”…
2.”give & take” not “take & give”
3.honesty & simplicity are my hobby.
4.give a lot,,hope a little.
5.give happiness to everyone.

commentinfo By: ei lay at Jan 16, 2012
Comment #2

ei lay>>ကျွန်တော်လည်း သူငယ်ချင်းနဲ့ ခံယူချက်တူတယ်။ 🙂

commentinfo By: Mg kg lay at Jan 16, 2012
Comment #3

မောင်ကောင်လေးပြောတာ မှန်တော့မှန်တယ်ဗျ
ဒါပေမယ့်…….
တစ်ချို့လူတွေက တူညီတဲ့ တုံ့ပြန်မှုဆိုတာကို သိပ်အလေးမထားတတ်ကြဘူး
ဘယ်သူမဆို ကိုယ်ချမ်းသာဖို့ ကိုယ့်ဘာကိုယ်ကြိုးစားရမှာဘဲဗျ သူများကတစ်ခုခုလုပ်ပေးမှ စိတ်ချမ်းသာမယ်ဆိုရင်တော့ အဲ့ဒီလူက တစ်သက်လုံးစိတ်ချမ်းသာရမယ်မထင်ဘူး ဒါကျွန်တော်ပြောတာမဟုတ်ဘူး ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်က သိရတာပါ
ကဲ……ကျွန်တော်လျှာရှည်သလိုဖြစ်သွားရင် sorry ဗျာ
ကဗျာက မမှန်တဲ့စိတ်ထားလေးတွေကို ပြုပြင်ပေးနိုင်စေမယ့် ကဗျာမျိုးပါ
တကယ်ဖတ်သင့်တဲ့ ကဗျာလေးတစ်ပုဒ်ပါ
ခံစားအားပေးသွားပါတယ် ။

commentinfo By: X - ray at Jan 16, 2012
Comment #4

အင်း…ဒါလည်း ဟုတ်တာပဲ…
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 16, 2012
Comment #5

လူတွေကပြောကြတယ်..

တစ်ခုခုကို သူတို့ မလုပ်နိုင်တော့ဘူးဆိုရင်

အသွားရှိမှ အပြန်ရှိမှာပေါ့တဲ့။

ဒါဆိုဘာလို့ သင်ကိုယ်တိုင်

စသွားဖို့ မကြိုးစားသလဲ။

လူတွေကပြောကြသေးတယ်..

သူကြင်မှ ကိုယ်ကြင်တဲ့

(သူပြုံးမှ ကိုယ်ပြုံး)

ဒါက မှန်ဥပမာပေါ့။

ဒါဆိုသူတို့ မေ့နေတာရှိတယ်

မှန်ထဲက ကိုယ့်အရိပ်ပြုံးဖို့ 

ကိုယ်က အရင်စပြုံးပြရတယ်

ဆိုတာကိုပေါ့။

ဒိတော့ တုန့် ပြန်မှုဆိုတာ

စတင်ခြင်းကနေ ပေါက်ဖွားလာတယ်။

commentinfo By: May Kha at Jan 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment