Professional Authors

ကျောင်းဇာတ်လမ်း

လျှောက်လှမ်းခဲ့တဲ့
မြေနီလမ်း
 စားခဲ့ဖူးတဲ့
ကန်တင်းများ
သွားခဲ့ဖူးတဲ့
သရေတာများ
စာသင်ခဲ့ရတဲ့
စာသင်ခန်းများ
ငေးခဲ့ရဖူးတဲ့
နတ်သမီးလေးများ
ကြောက်ခဲ့ရတဲ့
ဆရာ/ဆရာမများ
အသည်းအသန်လုပ်ခဲ့ရတဲ့ စာများ
မအားမလပ် ရေးခဲ့ရတဲ့
ကဗျာများ
လိုချင်ခဲ့တဲ့ အိပ်မက်များ
နာခံခဲ့ရတဲ့ မိန့်ခွန်းများ
ပျော်ရွှင်ခဲ့ရတယ့်
ပြက်လုံးများ
နေရာလုခဲ့ရတဲ့
ကားထိုင်ခုံများ
စိတ်လှုပ်ရှားခဲ့ ရတဲ့
အချိန်များ
ပေါင်းခဲ့ရတဲ့ သူငယ်ချင်းများ
စကားများခဲ့ဖူးတဲ့ အခိုက်အတန့်များ
အခုအခု အခု
ဒါတွေဒါတွေ ဟာ
ပုံပြင်သက်သက်ပဲလား
ပုံပြင်တော့ ပုံပြင်ပဲ
အဲ့ဒီပုံပြင်က သက်ဝင် ပုံပြင်လေ
အဲ့ဒီပုံပြင်ကို
ဇာတ်လမ်းလုပ်ခဲ့တယ်
ကံကြမ္မာက ဒါရိုက်တာလုပ်
ငါကိုယ်တိုင် သရုပ်ဆောင်ခဲ့တဲ့
ကျောင်းဇာတ်လမ်းအဖြစ်နဲ့လေ……………။

In: ကဗျာ Posted By: Date: Jan 6, 2013
Comment #1

at least,,everybody has a story,

commentinfo By: ei lay at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment