Professional Authors

ကြွေပွင့်ကိုသာကောက်ပါမောင်

ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ် ယခုလှစ်သည့်
ရွှေရစ်ပန်းပြာ ခပ်မာမာလေး။

လှမ်းမီပေမယ့်
မောနေပါ့မယ် ခူးမလွယ်ဘူး၊
မြေ၀ယ်လျှောင်းစင်း မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့် ခရေပွင့်လေ။

အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်…

In: ကဗျာ,ကြည်အေး Posted By: Date: Jun 7, 2010
Comment #1

လှမ်းမီပေမယ့်
မောနေပါ့မယ် ခူးမလွယ်ဘူး၊
မြေ၀ယ်လျှောင်းစင်း မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့် ခရေပွင့်လေ။
( ခရေပွင့်ပါမောင်ရယ်)

commentinfo By: May Kha at Jan 11, 2011
Comment #2

အဲဒီ ၀တ္ထုထဲမှာက မင်းသမီးနဲ့ မင်းသား အဆင့်အတန်းမတူလို့ မင်းသမီးက သူက ကိုင်းထိပ်က ပန်းပွင့်၊ သူ့ ကို ချစ်ရင် ပင်ပန်းတော့မှာပဲ ဆိုပီး မချစ်တော့နဲ့ လို့ ဒီလို ကဗျာရေးတာမှုတ်ဘူးလား။

commentinfo By: Atheana at Jan 19, 2011
Comment #3

အဲ့ဒီရုပ်ရှင်ကိုတော့မကြည့်ဘူးပါ …. ကဗျာလေးကိုကြိုက်တာရယ်ကြောင့်ပဲရေးမိတာပါ… ဆရာမကလဲဘယ်လိုအဓိပ်ါယ်နဲ့ရေးထားလဲမသိပါဘူး…….. ဒါပေမဲ့အရမ်းကြိုက်တယ်……….

commentinfo By: May Kha at Jan 20, 2011
Comment #4

ဆရာမကြီး ကြည်အေးရဲ့
ကဗျားအားလုံးကို ကြိုက်တယ်။
ဒီကဗျာကို ကြိုက်တယ်။
ကိုယ်က ခရေပွင့်တော့ မဟုတ်ပါဘူး။

commentinfo By: chanmyanandar at Apr 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment