Professional Authors

ငါဟာ နုံချာချာပါ

“ရွှက်ဆုတ်ပြက္ခဒိန်ကို တစ်ထပ်ပြီး တစ်ထပ် စုတ်ဖြဲ ပစ်လိုက်သလိုမျိုး

ငါ နဲ့ တွေ့ဆုံမှုကျဲကျဲမှာ

အလင်းတွေကလည်း ခေါင်လိုက်တာ“ တဲ့

 

နေ့ဖို့ ညစာ ပြည့်ဝဖို့ နဲ့

ဆိုင်ကယ်လို ခပ်ကြမ်းကြမ်းမောင်းနှင်ရတဲ့ ဘဝ

မြတ်နိုးခြင်းတွေနဲ့ ဟော့ဒီမြားကိုပစ်လွှတ်ခဲ့တဲ့အကြောင်းဟာ

သဲကြိုးပြတ်တော့မယ့် ဖိနပ်ပမာ လွင့်ပစ်ခံရဖို့ နီးပြီးလား

 

ဝိုင်တစ်ခွက်ကို အမှောင်ထုထဲ ကိုင်မြောက်ပြီး မရူး ပါရစေနဲ့ကွာ

 

ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့

တိမ်တွေက အုံမှိုင်းမှိုင်းနဲ့ သည်းသည်းမဲမဲ ကို ရွှာတယ်

“ မင်းအတွက်နေ့ဆိုးတွေလာပြီ” ဆိုတဲ့ စကား မပြောခဲ့ရင်ကောင်းမယ်

 

(နင်ပေးတဲ့နောက်ဆုံးအမှတ်တရ) ငါ့ နာမည်ကိုက စုန်းပြူး ပါ

ငါတို့ ညနေခင်းကို ကတ္တရာလမ်းဘေး ညနေခင်းအတိုင်း

ငါ့ကို စုန်းပြူး အတိုင်း ထား…ခဲ့ပြီ

 

လစ်ဟာနေတဲ့ ခွက်တစ်လုံးထဲ ပျော်ရွှင်ခြင်းများထည်ခဲ့ဖူးသူရေ…

အိပ်မက်ပျက်တစ်ကောင်ဟာ ကန္တာရမှာ ခို ကိုးရာမဲ့ခဲ့ပေါ့

 

ဘဝကို ငါက ပစ်ချ ၊ ဘဝက ငါ့ကို ပစ်ချ

မေးခွန်းဟာ သိပ်ကို ကြောက်စရာကောင်းပါရဲ့

 

ဖြစ်ခြင်းနဲ့ ပျက်ခြင်း ရာသီမှာ ပြန်လည်စိမ်းလန်းခွင့်မရှိသော

အရိုးပြိုင်းပြိုင်း ကိုင်းခြောက်တွေ တ အီအီနဲ့ သစ်ပင်ဟာ ငါ ပေါ့လေ

ကြေကွဲခြင်းအခန်းနားတစ်ခုဆီ ဖြစ်နိုင်ရင် မျက်ရည်တစ်စက်လောက် ပို့ခဲ့ပါ

 

ဒါဟာ အတိတ်ကို ကိုက်ဖောက်ရင်း…

ဒါဟာ ကွဲရှခဲ့ဖူးတဲ့ အမာရွတ်ကို သတိတရပြန်စမ်းခြင်း

ဒါဟာ အန္ဓေတစ်ကောင်ရဲ့ အရောင်မလက်တဲ့ ရူး သွပ်ခန်းကို ပွတ်တိုက်ထားသော ကဗျာ

ငါကိုက နုံချာချာပါ  ။     ။

                                   စုန်းပြူး

In: ကဗျာ Posted By: Date: May 27, 2012
Comment #1

နင်ပေးတဲ့နောက်ဆုံးအမှတ်တရ) ငါ့ နာမည်ကိုက စုန်းပြူး ပါ

ငါတို့ ညနေခင်းကို ကတ္တရာလမ်းဘေး ညနေခင်းအတိုင်း

ငါ့ကို စုန်းပြူး အတိုင်း ထား…ခဲ့ပြီ

လစ်ဟာနေတဲ့ ခွက်တစ်လုံးထဲ ပျော်ရွှင်ခြင်းများထည်ခဲ့ဖူးသူရေ…

အိပ်မက်ပျက်တစ်ကောင်ဟာ ကန္တာရမှာ ခို ကိုးရာမဲ့ခဲ့ပေါ့

commentinfo By: May Kha at May 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment