Professional Authors

ခေါင်းစဉ်မဲ့ ၃

စတင်ထွန်းညိုလိုက်ကတည်းက
ပြိုနေသောကမ်းပါး သွေးဖောက်စစ်စရာမလိုအောင်
အောက်ဆီဂျင်မဲ့ရပ်ဝန်းတွေ တစ်ဖြည်းဖြည်းဖုံးလွမ်း…

လိုသလိုသုံးစွဲခဲ့သည့် (ငါဟာတစ်ရှူးတစ်စလေလား)

ခြေဆီနံ့ထွက်တာချင်းအတူတူပဲကို မေ့လျော့
စာအုပ်ကိုလှန်လျောပစ်လိုက်တော့
အတ္တကို ဝါးစားကြီးပြင်း
ဖိနပ်တစ်ရံပြီးတစ်ရံထဲ ဝင်ဝင်ပုန်း
အညှီအဟောက်တစ်ခုပေါ်က လောဘထည်လဲကြိုက်သူရဲ့
မြည့် နေတဲ့အသွား ခုတ်ချပစ်လိုက်တာ
အုံ့ မှိုင်းမှောင်မိုက် ထက်ခြမ်းကွဲ ငါလေ
ရုန်းရင်း ကန်ရင်း ကြေကွဲမှုနဲ့ အမျိုးတော်စပ်ခဲ့ရ

တင်းပြည့် ကျပ်ပြည့် ရူးဖို့ရာ
ဝေဒနာ မာ ခဲလို့ ဖောင်းကား
မသာမယာပါတနာနဲ့ ကနုတ်ဆန်ဆန်
ပိုးကောင် ရဲ့ ကျရှုံးခန်း
အယ်လ်ကိုဟောထဲ လှော်ခတ်လို့
အကောင်နက်ကြီးရဲ့ သံစဉ်တစ်ပုဒ်ကို
လမ်းမ ကဗ္မည်းမှာ ရွှတ်ဆိုချင်လာသလိုလို
ပုဆိုးစတစ်ဖက် ပြည့်ကယ်ခြင်းတစ်ဖက်
တသလင်းချိတ်လို ကြက်ပေါင်ဖိနပ်လမ်းတွေ
မှုး ခဲ့လေကြောင်း…

အက္ခရာတွေရဲ့ ရူးသွပ်ခြင်း
ပန်းချီတစ်ချပ်ရဲ့ အပူချိန်
ကြုံဆုံခဲ့ခြင်းတွေ တစ်ဗွမ်းဗွမ်း
အခန်းတစ်ခန်း အက်ရာထပ်
ဖြတ်သွားတဲ့ တန်ဖိုး အရိုး
နည်းနည်းနုသေးတယ် ။     ။

                                      စုန်းပြူး

In: ကဗျာ Posted By: Date: Aug 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment