Professional Authors

အလွမ်း-၃

ပျော်ရမယ်ထင်လို့

ဟော့ဒီသစ်ပင်ကို ပျိုးခဲ့မိတာပါ။

ရုပ်ရှင်တွေထဲကလို

အချစ်သီချင်းချိုချိုလေးတွေ မပါဘူး။

ဆန်ကာတင်စစ်ထုတ်လိုက်တဲ့

ဖြူဖြူသန့်သန့် မျက်ရည်တွေသာ

နေ့စဉ်စာမျက်နှာမှာ အဖတ်တင်

ကြာတော့

ဝေါဟာရတွေလည်း ချဉ်လာတယ်။

“လူကြီးမင်း ခေါ်ဆိုသော သနပ်ခါးပါးကွက်မှာ…..

ဆက်သွယ်မှုဧရိယာပြင်ပ….´´တဲ့။

အနီးအနားက တယ်လီဖုန်းကို

ဓာတ်မှန်ရိုက်လိုက်လို့ ထွက်လာတဲ့ နဂ္ဂတစ်ပါ။

အချစ်ဆိုတာကလည်း

ခြစ်တိုင်းမတောက်တဲ့ အရာဖြစ်ပြီး

အလွမ်းဆိုတာကလည်း

လွှမ်းတိုင်းမလုံတဲ့ ပုဝါ။

ကောင်မလေးရေ…

နင်ကတော့

ရေးဖွဲ့တိုင်း မဆုံးတဲ့ ကဗျာ။

In: ကဗျာ Posted By: Date: Jan 4, 2013
Comment #1

ရေးဖွဲ့တိုင်း မဆုံးတဲ့ ကဗျာ
ဒီစာလေးက အရမ်းမိုက်တယ်
ကိုယ်ချစ်တဲ့သူရဲ့အကြောင်းကို ရေးလို့ဘယ်ပြီးနိုင်ပါ့မလဲနော်

commentinfo By: မေပျို at Jan 5, 2013
Comment #2

အချစ်ဆိုတာကလည်း
ခြစ်တိုင်းမတောက်တဲ့ အရာဖြစ်ပြီး
အလွမ်းဆိုတာကလည်း
လွှမ်းတိုင်းမလုံတဲ့ ပုဝါ..
ကောင်မလေးရေ…
နင်ကတော့
ရေးဖွဲ့တိုင်း မဆုံးတဲ့ကဗျာ…

commentinfo By: Yoon Thae Phyu at Jan 5, 2013
Comment #3

I love this poem

commentinfo By: Yoon Thae Phyu at Jan 5, 2013
Comment #4

R larr larr,,,
Yae yae le le kway twar par de.

commentinfo By: ei lay at Jan 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment