Professional Authors

Touch Screen ပေါ် အရောင်ထူထူဆိုးချင်မိတဲ့ စိတ္တဇနာမ်

  • Touch Screen ပေါ် အရောင်ထူထူဆိုးချင်မိတဲ့ စိတ္တဇနာမ်

အိမ်မက်က ညနဲ့ မဆန့်ဘူး

ဝှက်ထားတဲ့ မျှော်လင့်ခြင်းတွေ (မမောသေးဘူး)

လူကျင့်ဝတ်တရားဆိုတာ ဟောဒီ အရိုင်းအစိုင်းကောင်အတွက် နားခါး

ဖြစ်သင့်/ရဲ့လား၊ ဖြစ်ခွင့်/ရှိလား ..

အဲ့ဒီ Touch Screen ပေါ်လက်သည်းချွန်ချွန်လေးတွေ တချွင်ချွင် ကစားပြရုံနဲ့

အရောင်ထူထူဆိုးချင်မိတဲ့ စိတ္တဇ (နင့်အတွက် .. ) ရိုင်းပျသွားလား

စီးကရက်အခိုးအငွေ့ယောင်ဆောင်ထားသော သက်ပြင်းများ

နှောင်ဖွဲ့ဖူးသော ပေးပို့စာများ .. ထိလွယ်၊ ရှလွယ်၊ ကူးစက်လွယ်သော

တယ်လီဖုန်း ခေါ်ဆိုမှုများ .. သတိရရင် ဖွင့်ကြည့်

နင်မဖတ်ဖြစ်တဲ့ ငါ့ အလွမ်းများ

ကဗျာဖြစ်မလာနိုင်တော့တဲ့ ခံစားမှု သိုဝှက်ခြင်းတရား

နင်ကြားချင်မှ ကြားလိမ့်မယ်

ဘယ်လောက်ကြာအောင် ရေတွက်ရဦးမှာလဲ စောင့်စားခြင်း နေ့စွဲတွေ

နင်ပျိုးခဲ့တဲ့ ကြယ်တစ်ခင်းက နံနက်ရောက်မှ လင်းတယ်

တစ်လတာလုံး လွမ်းတဲ့ထဲမှာတောင် ငါမပါဘူးတဲ့လား

တုန်ခါစေယုံသက်သက်နဲ့ ခေါ်ဆိုဖူးသော ဆက်သွယ်မှုဧရိယာပြင်ပ

မတော်တဆချစ်မိသွားတဲ့ သစ်ရွက်ကလေးရဲ့ အသက်ရှုသံဖွဖွ

မျှော်တယ် .. မောတယ် .. လွမ်းတယ်ll

                                                -မိုးခါး-

In: ကဗျာ Posted By: Date: Nov 26, 2011
Comment #1

ကြိုက်တယ်ဗျာ…

commentinfo By: နေပိုင် at Nov 26, 2011
Comment #2

နင်ပျိုးခဲ့တဲ့ ကြယ်တစ်ခင်းက နံနက်ရောက်မှ လင်းတယ်

လှတယ်ဗျာ

သန်းခေါင်ထက်ညဥ့်မနက်ဘူးဆိုပေမယ့်
ကျွန်တော့နေ့ တွေက ရောက်မလာတော့ဘူးဗျ . . .

commentinfo By: Mickey at Mar 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment