Professional Authors

အကြွေး ၂

လူ ဆိုတဲ့ အနက်အဓိပါယ်ထက်

တန်းကျလာတဲ့  ပြတင်းတံခါးအရှေ့ဘက်မှာ

မတည်သော ကတိများ ပြန့်ကား

ခင်ဗျားတို့ဟာ အစာအတွက် မျှားချိတ်ကိုချပေးဖို့ ထထပွက်ပြနေတဲ့ ငါးပဲ

စိတ်တွေ ညီမျှခြင်းချမရခဲ့

ယုံကြည်မှုနဲ့ ချိတ်ဆက်လို့မရတဲ့ ခေါက်ရိုးကျိုး အစာအိမ်များက

ကျုပ်ကို စုန်းပြူးတစ်ကောင်လို့ မြည်တယ်


 

 

In: ကဗျာ Posted By: Date: Jan 3, 2013
Comment #1

စုတ်ချက်ကြမ်းနဲ့ အတတ်ဆန်း

ငိုနေတဲ့ မိုးတိမ် ရေ

နွေးထွေးခြင်း တစ်မျိုးနဲ့

မင့် ကို ဆွဲ ထည့် ပွေ့ဖက်ဖို့

ဖြတ် ထုတ်ထားတဲ့ အနာအဆာတွေ တစ်ထပ်ကြီးနဲ့

ငါ ကလည်း တလိမ့်ကောက်ကွေး စားသောက်နေရသူ

ငါတို့ နှစ်ယောက် ပေါင်းခြင်းဟာ

တ ဂျွတ် ဂျွတ် မြည်နေလိမ့်မယ်

commentinfo By: nwenyeinaye at Jan 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment