Professional Authors

မြူ

အဆက်အစပ်မရှိဘဲ
တစ်ဖက်သတ်ငြိရတာကလည်း
အရွက်ကြွေခြောက်တွေကို
လက်ဘက်ရည်သောက်ရင်း ငေးရသလိုပဲ
ပေါ့ပျက်ပျက်နဲ့…။

ပြောရရင်တော့
တလောက မြင်လိုက်ရတဲ့အပြုံး
ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးထွက်သွားပြီ
အဲ့ဒီနောက်မှာတော့
လှည့်ပြီးကောက်လာတဲ့ မျက်ဝန်းက
ရာသီကို ခလုပ်တစ်ချက်တွန်းလိုက်ရော။

ဇာတ်လမ်းစတာနဲ့
ဖြတ်သန်းတိုက်ခတ်လာတဲ့လေ
ဟော…သူ့နှုတ်ခမ်းမှာ ပန်းတွေဝေပေါ့။

`အချစ်ရေ…´လို့ မန်းမှုတ်ရင်း
ညစ်ပေသွားတဲ့ မိုးတိမ်တွေလည်း
ကိုယ့်အနာဂတ်ကို စိုးရိမ်
တစ တစ ညှိုးမှိန် ကွယ်ပျောက်
ဒီလိုနဲ့ ကိုယ်ဟာ…
မင်းနံဘေးက ကိုယ်ယောင်ဖျောက်ခဲ့ရသူ။

In: ကဗျာ Posted By: Date: Jan 3, 2013
Comment #1

ဘယ်သူမှ သတိမထားမိလည်း..နာကျင်မှုကိုမြိုသိပ်..ဘာမှမဖြစ်သလို အထာလေးနဲ့ တိတ်တဆိတ်ပျောက်ကွယ်ပေးခဲ့ရတဲ့.. ဒီရင်မှာလည်း သေရွာထိပါမယ့်..ဒဏ်ရာတွေနဲ့…

commentinfo By: Yoon Thae Phyu at Jan 3, 2013
Comment #2

အရမ်းမိုက်တယ် အစ်ကို
လေးစားအားပေးသွားပါတယ်… 🙂

commentinfo By: loafer at Jan 3, 2013
Comment #3

ကာရန်တွေနဲ့ပါလား …..မိုက်တယ်ဗျ 🙂

commentinfo By: နိုးဆက် နေ့ at Jan 3, 2013
Comment #4

Cute title

commentinfo By: ei lay at Jan 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment